Professional Authors

စိတ်ကူးသက်သက်

ရင်ထဲက အချစ်  သက်သေပြဖို့
ငါအားထုတ်ခဲ့တယ် . . .
အချိန်တန်တော့ နွားပိန်
ကန်မယ်ပေါ့…

ရာသီအလီလီပြောင်း
နှစ်တွေညောင်းတော့
အခွင့်အရေး ရပြီပေါ့ . . .

အဟား . . .
ပျော်လိုက်တာ . . 🙂

ငါ့ရဲ့ ချစ်ခြင်း …သူ သိစေဖို့
ဖွင့်ဟတော့မယ် . . .

နာရီ လက်တံ ကုဋေတစ်သန်းဖြတ်လည်း
ချစ်ခြင်းမပျက် ငါ့ရဲ့အသည်း ခိုင်ခံ့ပါကြောင်း…

သို့သော်…….

သို့သော်………………

ဟာ…………. တွေ့ပြီ
ဟိုမှာ အမိ ဗိုက်တလုံးနဲ့ ကလေးတစ်ဖက်ဆွဲလို့…. 🙁

ကြွေပေါ့ ငါ့အသည်း ဟန်ဆောင်အပြုံး ငါ့နှုတ်ခမ်းထက်
တန်ဆာဆင်လည်း မဖုံးမကွယ်နိုင် ငါ့မျက်လုံးက
ကဏှာမငြိမ် မျက်ပြူးဆန်ပြူး ဖြစ်ခဲ့မိတော့

သူ့ရဲ့ ရှေ့မှောက်
အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပြန်ပါတကား… :'(

(21-10-2010)

Comment #1

so pity………….

commentinfo By: su at Oct 22, 2010
Comment #2

သို့သော်………………

ဟာ…………. တွေ့ပြီ
ဟိုမှာ အမိ ဗိုက်တလုံးနဲ့ ကလေးတစ်ဖက်ဆွဲလို့…. 🙁
nice poem 🙂

commentinfo By: ထူးသူရဇွဲ at Oct 22, 2010
Comment #3

အဟား . . .
ပျော်လိုက်တာ . . 🙂

ငါ့ရဲ့ ချစ်ခြင်း …သူ သိစေဖို့
ဖွင့်ဟတော့မယ် . . .

နာရီ လက်တံ ကုဋေတစ်သန်းဖြတ်လည်း
ချစ်ခြင်းမပျက် ငါ့ရဲ့အသည်း ခိုင်ခံ့ပါကြောင်း…။
Good တယ်ဗျာ 🙂

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #4

kwi,,kwi,,.
phyit ya lae kwe,
😛

commentinfo By: ei lay at Jul 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment