Professional Authors

ကျူးရင့် သံ

မေရေ……..
အကြိမ်ပေါင်းများစွာ
လူပေါင်းများစွာက
ပုံစံပေါင်းများစွာနဲ့ ခံစား
စာဆိုရှင်ပေါင်းများစွာကလဲ
ဖန်တီးမှု့ ပေါင်းများစွာနဲ့ 
ဆန်းသစ်မှု့ တွေပါဝင်နိုင်မဲ့ 
ဒိုင်ယာလော့ ခ်ပေါင်းများစွာကို
ရေးဖွဲ့ 
သီကျူးမှု့ ပေါင်းများစွာနဲ့ 
ချရေးခဲ့ ကြတာတောင်
ဘယ်လိုပါလို့ 
ရုပ်လုံးမပေါ်သေးတာက
အချစ်လို့ 
မသေချာမှု့ တွေနဲ့ ပဲ
ခံစားမှုပေါင့်း များစွာနဲ့ 
ငါသိလိုက်ရပြီ
နယူတန်အရှေ့ မှာ
ကြွေကျခဲ့ တာကသစ်သီးတစ်လုံး
သူတွေ့ ခဲ့ တာက
ဆွဲအားတစ်ခု
မင်းရှေ့ မှာ
ကြွေကျသွားတာက
ငါ့ ရဲ့ နှလုံးသားပါမေ
အဲ့ ဒီမှာ
အနည်းဆုံးမင်းတစ်ခုခုကို
သိလိုက်သင့် တာက
မင်းဖိအားတွေ
တွန်းအားတွေကြောင့် 
ပဲ့ ထွက်နေတဲ့ 
ငါ့ ဦးတည်ချက်တွေအကြောင်း
ခံစားရလို့ ချစ်မိတာထက်
ချစ်မိလို့ ခံစားရတာက
နဲနဲပိုနာတယ်မေရေ………….

မင်းလူန

In: ကဗျာ Posted By: Date: Sep 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment