Professional Authors

တိမ်တိုက်ဆီသို့

တိမ်တိုက်လေးရေ….

မင်းဘယ်ကိုပြေးနေတာလဲကွာ

မင်းရွေ့လျားနေတဲ့နေရာမှာ

သာယာမှု ငြိမ်းချမ်းမှု မျှတမှု လွတ်လပ်မှုတွေ

ရှိမှာပေါ့နော်….

 

တိမ်တိုက်လေးရေ…

မင်းရဲ့အောက်မှာရှိတဲ့

လူ့လောကဘုံကြီးဆီ ခဏကြည့်လိုက်ပါကွာ

စိုးရိမ်မှု ကြောက်လန့်မှု မတရားမှု ချုပ်ချယ်မှုတွေနဲ့

မတရားသွေးစုပ်အမြတ်ထုတ်နေတာတွေ

ဆင်းရဲမွဲတေနေတာတွေပြည့်လို့…

 

တိမ်တိုက်လေးရေ…..

မင်းရွေ့လျားခဲ့တဲ့နှစ်သန်းပေါင်းများစွာထဲမှာ

ဆူပူမှုတွေ ခွဲခြားမှုတွေ စစ်တွေ လောဘတွေ အတ္ထတွေနဲ့

လောကကြီးက ရက်စက်ပါတယ်ကွာ

 

တိမ်တိုက်လေးရေ….

မင်းရဲ့မိုးခါးတွေ သိပ်မရွာပါနဲ့တော့ကွာ

လူတွေ သောက်ကြလွန်းလို့ပါ။

 

                                                     ပြာရည်

In: ကဗျာ Posted By: Date: May 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment