Professional Authors

အမာရွက်မဲ့ ဒဏ်ရာ

မတွေးချင်ပါဘူးဆိုကာမှ
တိုက်ဆိုင်မူ့တွေကလည်း
အငိုလွယ် အရှိုက်ခက်တဲ့ နှလုံးသားကို
လာလာပြီး ခလုတ်တိုက်နေတယ်…
မရေးချင်ပါဘူးဆိုကာမှ
အတွေးကို လာလာပြီး ငြှိနေတယ်…
မေ့ချင်ပါတယ်ဆိုကာမှ
အနုသယတဏှာက ပုန်ကန်ထကြွ…
သွေးသားနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာ
ဝမ်းနည်းတက်တယ် ဝမ်းသာတက်တယ်။

မလွမ်းချင်ပါဘူးဆိုကာမှ

ရုပ်ကဒီ နာမ်ကဟို

အရာမဟုတ်တဲ့ ဒေါသတွေနဲ့

ရှေးဟောင်းနှောင်းဖြစ်တွေက ပူနွေးလာတယ်။

စလာကတည်းက နှာခေါင်းသွေးထွက်
ကမ်းကြည့်ငှက်တကောင်ရဲ့ ရင်ခုန်သံကို
မင်း နားမလည်တော့…
တဖက်သတ်ဆိုတဲ့ စကားကို
ငါကြားရရုံနဲ့ ဖျားချင်လာပြီ။

အမှတ်မရှိတဲ့ နှလုံးသားဟာ
ပိုချစ်တက်တယ်တဲ့
အမာရွက်မရှိတဲ့ ဒဏ်ရာဟာ
ချစ်ခြင်းမေတ္တာသံယောဇဉ်တဲ့
ဟန်ဆောင်မရအောင် နာတယ်ဟာ။              ။

In: ကဗျာ Posted By: Date: Sep 21, 2010
Comment #1

အမှတ်မရှိတဲ့ နှလုံးသားဟာ
ပိုချစ်တက်တယ်တဲ့
အမာရွက်မရှိတဲ့ ဒဏ်ရာဟာ
ချစ်ခြင်းမေတ္တာသံယောဇဉ်တဲ့
ဟန်ဆောင်မရအောင် နာတယ်ဟာ။

commentinfo By: အသဲကွဲမိုး at Oct 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment