Professional Authors

“မပျောက်ပျက်မယ့် ဒဏ်ရာ”

 

“မပျောက်ပျက်မယ့် ဒဏ်ရာ”

 

မင်းမျက်နှာ. . .

နောက်ထပ်မတွေ့ချင်ဘူး။

 

မစဉ်းစားတော့ဘူး

မင်းနဲ့ငါ ပတ်သက်ခဲ့သမျှ အကုန်လုံး

လုံးဝ လှည့်မကြည့်ချင်တော့ဘူး။

 

အခု မင်းနဲ့ ဘာမှမဆိုင်တော့ဘူး. . .

 

မတွေ့ချင်တော့ဘူး မင်းကို

မကြားချင်တော့ဘူး ရူးခဲ့ရတဲ့ မင်းအသံ

မမက်မောတော့ဘူး တစ်ချိန်က အနမ်းတွေ

မမြင်ချင်တော့ဘူး ရင်ခုန်ခဲ့ဖူးတဲ့ မျက်ဝန်းတွေ

မင်းကို. . .

နောက်တစ်ခါ မတွေ့ချင်ဘူး။

 

မင်းအကြောင်းကိုလဲ ဘယ်သူ့တွေ့တွေ့

ငါ လုံးဝ မမေးတော့ဘူး။

 

ရက်ရက်စက်စက် ပစ်ခွာခဲ့တဲ့ မင်း

တခြားတစ်ယောက်နဲ့ ပျော်နေတဲ့ မင်း

အကြိမ်ကြိမ် လုပ်ဇာတ်တွေခင်းခဲ့တဲ့ မင်း

ယုံကြည်မှုအတွက် ဒဏ်ရာသာပေးခဲ့တဲ့ မင်း

ငါ့အိပ်မက်တွေ နင်းချေခဲ့တဲ့ မင်း

 

လှည့်စားမှုတွေ မခံချင်တော့ဘူး

ခါးသီးတဲ့စကားလုံးတွေ ရင်မဆိုင်ချင်တော့ဘူး။

 

ငါ့ဘ၀အတွက်. . .

နာကျည်းမှုတွေအတွက်. . .

ဖြေဖို့ဆေးမရှိတော့ပါဘူး။

 

မင်းနဲ့ဆို နောက်ထပ်. . .

မင်းမျက်နှာ နောက်ထပ်. . .

ဒီဘ၀မှာ ဘယ်တော့မှမတွေ့ချင်တော့ပါဘူးကွာ။ L 

 

(အချစ်အတွက် ဘ၀တစ်ခုလုံးစာပေးခဲ့ပြီး တစ်ယောက်တည်းကို ယုံကြည်ခဲ့ပေမယ့်လည်း ပြန်ရခဲ့တာကတော့ နှလုံးသားမှာ မပျောက်ပျက်မယ့် နာကျည်းမှု ဒဏ်ရာပါပဲ။)

 

ရွှေညီမလေး

 

In: ကဗျာ Posted By: Date: Aug 10, 2010
Comment #1

အားတင်းထားနော်
နာကျည်းချက်တွေက စိတ်ကိုဘောင်ခတ်ထားတယ်
3 ၇က် သြဂုတ် 22 နှစ်ပြည့် မွေးနေ့ မှသည်
ပျော်၇ွင်ချမ်းမြေ့ ပါစေ

commentinfo By: Cho at Aug 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment