Professional Authors

ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးထိန်ထိန်

ဒီလို ဆွေမျိုးတွေစုံပြီဆို
ရှေးဟောင်းနှောင်းဖြစ်တွေထဲက
ရယ်သံတွေ
တစ်နေကုန် လျှံကျနေ
သစ်သီးခြင်းတွေ ကိတ်မုန့်တွေ မုန့်ဖိုးတွေနဲ့
ပျော်ရွှင်နေတဲ့ကမ္ဘာ
ည ည ရောင်စုံမီးပုံးတွေ ချိတ်ဆွဲမယ်
ဟိုလမ်းထိပ်ရဲ့ နိဗ္ဗာန်ဈေးက
ရပ်ကွက်ထဲက ကလေးတွေကို
တရုန်းရုန်းဖြစ်အောင် ဆွဲဆောင်
ဆံပင်ထောင် ချာတိတ်တစ်သိုက်
ဒီည ရှိုးပွဲက မိုက်တယ်တယ်ဆိုလား
Taxi တားပြီး ထွက်သွားကြရဲ့။
                                 (၂၃.၁၀.၂၀၁၀)

In: ကဗျာ Posted By: Date: Oct 24, 2010
Comment #1

တကယ်ကို မျက်စိထဲမှာ မြင်သွားတယ်.. (:

commentinfo By: ဖြိုးဖြိုး at Oct 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment