Professional Authors

မျှော်လင့်ချက်မဲ့…အချစ်

ဖြူစင်နေတဲ့ငါ့နှလုံးသားကို..
နင်အရောင်တွေဆိုးခဲ့တာဟာ
အိပ်မက်တွေပဲ..ဆိုရင်
အဲဒီအိပ်မက်တွေထဲမှာဘဲငါ..နေမှာပါ
အချစ်ဆိုတာဘာလဲ?…
ခွဲခြားမသိခင်မှာဘဲ..နင့်ကိုငါ..ချစ်ခဲ့တာပါ
သာယာမှုတွေ..ပျော်ရွှင်မှုတွေကိုဘဲ
ရချင်ခဲ့တာမဟုတ်ပါဘူး
နင့်ဘက်ကရက်စက်မှု..စိမ်းကားမှုတွေ
ပေးလာရင်လဲ..ငါ..
ခံနိုင်အောင်..ကြိုးစားထားပြီးသားပါ
တဘ၀စာမဟုတ်ရင်လဲ…
တခဏစာပေးခဲ့တဲံ့..
နင့်ရဲ့အချစ်လေးတွေကို
ရင်မှာပိုက်ပြီး..တစ်သက်လုံးအမှတ်ရနေပါရစေ
အရှုံးချစ်နဲ့ချစ်နေပေမယ့်
နင့်ရဲ့..အချစ်ဆုံးဖြစ်ဖို့
ငါ……မမျှော်လင့်ပါဘူး…….

In: ကဗျာ Posted By: Date: Sep 29, 2010
Comment #1

သိသိကြီးနဲ့အလှည့်စားခံချင်နေတာကပဲ
အချစ်လို့ပြောရမလား
အချစ်မှာရှုံးနိမ့်ခြင်းလား
ဘာပဲဖြစ်ဖြစ်ကျေနပ်နေတယ်ဆိုရင်လဲ
ချစ်ရတာကောင်းပါတယ်………………………….ကောင်းကင်ပြာရေ

commentinfo By: moezat at Sep 29, 2010
Comment #2

အရှုံးဆိုတာ ကြိုတင်ပြီးတွေးထားသင့်တဲ့အရာတစ်ခုပါ..
အဲဒီလိုချစ်တတ်တာကို လေးစားပါတယ်… အချစ်ဆုံးဆိုတာထက်
နောက်ဆုံး အချစ်ကိုမလိုချင်ဘူးလား… ? 😀

commentinfo By: poukkaya at Oct 25, 2010
Comment #3

so kind-hearted naw…….

but,,,
i m not…
a shone chit ne chit nay pay me,,nin ye a chit sone pe loak hmar naw,,,

commentinfo By: ei lay at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment