Professional Authors

နေရာ (သက်ထွေး)

ဝန်ခံပါကွယ်
ပုခုံးချင်းထိခဲ့ကြတာထက်တော့
ငါတို့ပိုပါတယ်။

လာမခေါ်လည်း
မျှော်နေရတာကိုပဲ
ငါပျော်ပါတယ်
စည်းမခြားထားလည်း
နေရာဟာ .. နေရာပါပဲ
ငါနားလည်ရမှာပေါ့ကွယ်။

မင်းမေ့ဖို့ ကြိုးစားခဲ့တဲ့
ငါ့ကို
ငါလည်း
မေ့ဖို့ကြိုးစားတယ်
ဆရာတာရာမင်းဝေ
ပြောသလိုပ
မင်းဟာ ဘယ်တော့မှ
တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။

ထိုးလက်စ
ကျားကွက်ကို
တစ်ယောက်ထဲ
ရွှေ့ဖို့ဖြစ်လာတဲ့အခါ
ဘယ်လက်ကို
အနိုင်ပေးရမှန်း
ငါမသိတော့တာလေးတစ်ခုပါပဲ။

အချစ်ဆိုတဲ့
ဆက်သွယ်ရေးကြိုးမျှင်တွေက
ဒီလိုပဲ  လိုင်းပူးလို့ လွယ်လား
ငါတို့ခေါ်သံ
ငါတို့ထံ
ပဲ့တင်ပြန်ထပ်
ဘယ်လိုနတ်ဆိုး
ငါတို့
ချစ်ခြင်းကို
ကြားဖြတ်လို့
ခိုးလဲ။

ပန်းတစ်ပွင့်ရဲ့
ပျော်ရွှင်မှုက
တစ်ဦးတစ်ယောက်ရဲ့
ပန်ဆင်မှုထက်မှာလား
ဥယျာဉ်မှုးလက်မှာလား
မမေးဖြစ်ခဲ့တဲ့မေးခွန်း
အခု
ငါမေးစမ်းပါရစေကွယ်။

ဖိနပ်ကြိုး
ပြေသလိုမျိုးတော့
ငါတို့အချစ်ကြိုးတွေကို
လိုသလို
ပြန်ချည်လို့မရတော့ပေဘူး
ငါမေးရင်
မင်းထူး
မင်းခေါ်တော့
ငါပြော
ငါတို့ဟာ
အရင်းနှီးဆုံး
တစိမ်းတရံများပေါ့ကွယ်။

နယ်မြေသစ်မှာ
မင်းသီးခြား
အလံ
မင်း စိုက်ထူနိုင်ပါတယ်
ငါတိုက်မယူဘဲ
မင်းပစ်မူခဲ့တဲ့
နယ်မြေဟောင်းမှာလည်း
တစ်ခြမ်းပဲ့အလံလေး
ခပ်သေးသေးကို
ငါကိုယ်တိုင်ပဲ
လွှင့်ထူလို့ထားတယ်
ကိုယ်ယုံကြည်ရာသာ
ငါတို့
အလေးပြုကြတာပေါ့ကွယ်။

သက်ထွေး
စက်တင်ဘာ ၂၇ ရက် ၂၀၁၀ နေ့လည် ၁၂း၄၁

In: ကဗျာ Posted By: Date: Sep 28, 2010
Comment #1

………………………………………………………………………………….
………………………………………………………………..
………………………………………….
…………………………
………………..
(: (:

commentinfo By: ဖြိုးဖြိုး at Sep 28, 2010
Comment #2

အားကျစရာကောင်းသည်။။။။။။။။။
ကဗျာရေဂးသူ၏ခံစားချက်ကိုကဗျာဖတ်သူ၏ရင်ဘတ်ထဲ
ရောက်အောင်ပို့ နိုင်တဲ့ အစွမ်းကိုပါ။
ကဗျာဆရာဟာဝေဒနာရှင်ပဲလေ။
ဆရာမောင်ခိုင်မာပြောဖူးခဲ့ တယ်။
ဝေဒနာသည်တစ်ယောက်ရဲ့ ဝေဒနာကိုတခြားတစ်ယောက်ဆီကူးဆက်
အောင်စွမ်းဆောင်နိုင်ဖို့ ဆိုတာကဗျာဖတ်တဲ့ သူရဲ့ အတွေ့ အကြုံနဲ့ လဲဆိုင်မယ်ထင်တယ်နော်ကိုသက်ထွေး
ကြိုက်တယ်။ခံစားပြီးဖတ်သွားပါတယ်ဗျာ။
မင်းလူန

commentinfo By: kathitni1980 at Sep 29, 2010
Comment #3

နယ်မြေသစ်မှာ
မင်းသီးခြား
အလံ
မင်း စိုက်ထူနိုင်ပါတယ်
ငါတိုက်မယူဘဲ
မင်းပစ်မူခဲ့တဲ့
နယ်မြေဟောင်းမှာလည်း
တစ်ခြမ်းပဲ့အလံလေး
ခပ်သေးသေးကို
ငါကိုယ်တိုင်ပဲ
လွှင့်ထူလို့ထားတယ်
ကိုယ်ယုံကြည်ရာသာ
ငါတို့
အလေးပြုကြတာပေါ့ကွယ်။

အဲဒီအပိုင်း အကြိုက်ဆုံးပဲ 🙂

ပြီးတော့ ကိုသက်ထွေးကို တစ်ခုလောက်မေးပါရစေ။
ူlogo မှာ ပုံလေးတွေ တင်ထားတာ ဘယ်လိုများ လုပ်လဲဗျာ…
ကျွန်တော် ကပိန်းလို့လားမသိဘူး…
ဘယ်လိုမှ လိုက်ရှာလို့ မတွေ့ ဘူးဖြစ်နေတယ်…..
အပန်းမကြီးဘူးဆိုရင် တဆိတ်လောက် သင်ပြစေလိုပါတယ်….။

commentinfo By: sorrower.kl at Sep 30, 2010
Comment #4

အရမ်းကောင်းပါတယ်
ဝမ်းလည်း နည်းပါတယ် 🙁

commentinfo By: lwanhlainge at Sep 30, 2010
Comment #5

ကို sorrower.kl,

avatar ကို http://gravatar.com/ မှာ poemscorner မှာ register လုပ်ထားတဲ့ email နဲ့ပဲ register လုပ်ပြီး တင်လိုက်ပါ။ ဟိုဘက်မှာတင်ပြီးတာနဲ့ ဒီဘက်မှာ auto ပေါ်လာပါလိမ့်မယ်။ register လုပ်တဲ့ email နှစ်ခုတော့ တူဖို့လိုပါတယ်ခင်ဗျ။

ကဗျာအားပေးကြတဲ့သူတွေ အားလုံးလဲ ကျေးဇူး အထူးပါ 😀

commentinfo By: သက်ထွေး at Oct 1, 2010
Comment #6

ကျေးဇူးကမ္ဘာပါ.. ကိုသက်ထွေး… အဆင်ပြေသွားပါပြီ…
ကိုသက်ထွေးလဲ အခုတလော အလာကျဲနေတယ်နော်…
ကိုထူးအိမ်သင်ပြောခဲ့သလိုပဲ …
အနုပညာ ဆိုတာ အကြည်ဓာတ်လေးတွေ ရှိတုံး ဖန်တီးရတာကိုး…
ဒါမှလဲ စစ်မှန်မယ်လေဗျာ….
အကြည်ဓာတ်လေးတွေ မခမ်းးခင်မှာ များများလုပ်စေချင်ပါတယ်……

ကိုသက်ထွေးက တွေးခေါ်မှု ပိုင်းမှာ ဆန်းသစ်မှု ရှိတာကိုတော့ သတိထားမိတယ်ဗျ……။
နောက်လာမဲ့ ကဗျာလေးတွေကို အားပေးဖို့ စောင့်မျှော်နေပါ့မယ်….။

commentinfo By: sorrower.kl at Oct 1, 2010
Comment #7

ကို sorrower.kl ရေ,

အဆင်ပြေသွားတယ်ဆိုတဲ့အတွက် ၀မ်းသာတယ်ဗျ။ ကျွန်တော် အခုနောက်ပိုင်း စာတွေရေုးဖြစ်ပါတယ် အစ်ကို။ အရင်ကထက်တောင် နည်းနည်းပိုစိတ်သေးတယ်။ ကျွန်တော့်ကဗျာတွေအားပေးတာ ကျေးဇူးဗျ။ တစ်ရက် နှစ်ရက်လောက်နေရင် ကဗျာအသစ်တစ်ပုဒ်တင်ဖြစ်မယ်ထင်တယ်။ လာအားပေးဦး 😀

commentinfo By: သက်ထွေး at Oct 1, 2010
Comment #8

ဘာလို့အဲ့လိုဖြစ်သွားတာလဲ ငိုပြီး(း(း(း(

commentinfo By: maneater at Oct 19, 2010
Comment #9

ကဗျာလေးကတော်တော်ချစ်စရာကောင်းတယ်..အချစ်ကဗျာတွေထဲမှာဒီကဗျာလေးတော်တော်ကြိုက်ပါတယ်.

commentinfo By: ရွှေငါး at Apr 25, 2011
Comment #10

ငါမေးရင်
မင်းထူး
မင်းခေါ်တော့
ငါပြော
ငါတို့ဟာ
အရင်းနှီးဆုံး
တစိမ်းတရံများပေါ့ကွယ်။

commentinfo By: blur at Mar 11, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment