Professional Authors

ပေးဆပ်ခံနှလုံးသား – နရီထက်

လမ်းပြကြယ်လေးတစ်ခု
သက်ဆင်းဖန်ဆင်းလေသလား
မပျော်ရာ သည်ဘဝ
အပြစ်မတင် ခရီးဆက်လို့
တွေ့ခဲ့သည် မင်းနှလုံးသား
ဖြူထည်သက်သက် ဆိုရလေမလား
ငါ့အပြုံး ငါ့မျက်နှာ ငါ့ဘဝ
လှသထက် တောက်ပဖို့
ပေးသက်ဆပ်နေ မင်းချစ်တရား
မြတ်နိုးယုယ သမုဒယဖြစ်မိသည်
အို— လမ်းပြကြယ်ကလေး. . .

ဝမ်းနည်းချိန်လေး ငါ့အနား
မင်းရောက်လာ ဘ၀အဖော်လား
အားပေးနှစ်သက် ခွန်အားပေးလို့
မင်းအပြုံးစက်တွေ ကူးသက်ဆင်းလာ
ငါပျော်နေသည် မင်းနားဘေးမှာ
ထိုင်ကာလေ မျှော်နေမိသည်
မျှော်လင့်ခြင်း လင်းရောင်ခြည်. . .

ပြသနာတွေကြား အဖြေရှာမရညတွေ
ကူးတွက်ပေးခဲ့ မင်းအဖြေ
ငါ့အတွက် ဆုလာဘ်တွေလား
အဖြူနှင့်အနက် လက်တွဲနေလား
ခွဲစေတတ်အောင် မင်းစေတနာ
နားလည်လွယ်အောင် မင်းစကား
ကူရှင်းခဲ့ ငါ့ပြသနာ
ကျေးဇူးတင်နေသည် ဒီတစ်သက်
မင်းလေး. . . မင်းလေး. . .
ဘ၀အမောတွေထဲ ငါ့နားဘေးမှာ
နေနေပေးပါအုန်း. . . မင်းလေး. . .မင်းလေး. . .

နရီထက်
( ၁၅ ၊ စက်တင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Sep 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment