Professional Authors

ပြသနာ – နရီထက်

မိုးပြိုမှာ အများ..
လကမ္ဘာက နေစရာလေး တစ်နေရာ…
စဉ်းစားထားကြတယ် မဟုတ်လား…

ဒီကမ္ဘာမှာ ရေရှားနေရင်
လကမ္ဘာမှာ ရေချိုတွင်းတွေ
တူးကြမယ်…

ဈေးနှုန်းမြင့်မားလာတယ်
ရှားပါးလာတဲ့စားနပ်ရိက္ခာကြားမှာ
ကြက်ဝက်တုပ်ကွေးက မဆီမဆိုင် ၀င်ပါသေးတယ်

အလုပ်လက်မဲ့ဦးရေ…
အချိုးကျ တွက်ချက်နေရင်း
အမေရိကန်ပညာတတ်တွေက
အလုပ်မရွေးကြတော့ဘူးတဲ့…

အလင်းစက်တွေရှာဖွေချင်တယ်
အရည်ပျော်ခံ ဖယောင်းတိုင်တွေ လွန်ခဲ့ပြီးလား
လျှပ်စစ်ခေတ်ပျက်ကြားမှာ…
မီးတွေ ခဏခဏ အပျက်များကြတယ်…

ခေတ်လွန်ပြသနာတွေထဲမှာ
အကောင်းစားပညာတွေက
ဆုံးဖြတ်ချက် မှားယွင်းတတ်ကြတာ
သင်ရိုးညွှန်းတမ်းတွေက မပီပြင်ခဲ့လို့လား…

ခေတ်မီအသုံးစရိတ်တွေ..
အမှီလိုက်လာရင်းနှင့်…
ပြသနာတွေ အကြီးအကျယ်ဝယ်ယူကာ
မီလျံနာ အဖြစ်မြန်ချင်တယ်…

ရှားပါးလာတဲ့ သဘာဝတရားမှာ
ပြသနာတွေက ပေါပေါများများရယ်…။     ။

နရီထက်
( ၁၆ ၊ သြဂုတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

ကိုနရီထက်…အားပေးသွားတယ.်
သိပ်ကြိုက်တယ်ဗျာ…

commentinfo By: အသဲကွဲမိုး at Aug 16, 2011
Comment #2

ဖတ်သွားတယ်ဗျ ….

commentinfo By: မင်းနေဝေး at Aug 16, 2011
Comment #3

အားပေးနေပါတယ် ကိုနရီထက်

Comment #4

ြ ကိုက်တယ် ကမ္ဘာပေါ်မှာ ဖြစ်ပျက်တာတွေကို ရေးထားတာ နော်။ကောင်းတယ် ဒိအပှဒ်ကနေ မိုးပြိုမှာ အများ..
လကမ္ဘာက နေစရာလေး တစ်နေရာ…
စဉ်းစားထားကြတယ် မဟုတ်လား…

ဒီကမ္ဘာမှာ ရေရှားနေရင်
လကမ္ဘာမှာ ရေချိုတွင်းတွေ
တူးကြမယ်…

ဈေးနှုန်းမြင့်မားလာတယ်
ရှားပါးလာတဲ့စားနပ်ရိက္ခာကြားမှာ
ကြက်ဝက်တုပ်ကွေးက မဆီမဆိုင် ၀င်ပါသေးတယ်

အလုပ်လက်မဲ့ဦးရေ…
အချိုးကျ တွက်ချက်နေရင်း
အမေရိကန်ပညာတတ်တွေက
အလုပ်မရွေးကြတော့ဘူးတဲ့…

အလင်းစက်တွေရှာဖွေချင်တယ်
အရည်ပျော်ခံ ဖယောင်းတိုင်တွေ လွန်ခဲ့ပြီးလား
လျှပ်စစ်ခေတ်ပျက်ကြားမှာ…
မီးတွေ ခဏခဏ အပျက်များကြတယ်…

ခေတ်လွန်ပြသနာတွေထဲမှာ
အကောင်းစားပညာတွေက
ဆုံးဖြတ်ချက် မှားယွင်းတတ်ကြတာ
သင်ရိုးညွှန်းတမ်းတွေက မပီပြင်ခဲ့လို့လား…

ခေတ်မီအသုံးစရိတ်တွေ..
အမှီလိုက်လာရင်းနှင့်…
ပြသနာတွေ အကြီးအကျယ်ဝယ်ယူကာ
မီလျံနာ အဖြစ်မြန်ချင်တယ်…

ရှားပါးလာတဲ့ သဘာဝတရားမှာ
ပြသနာတွေက ပေါပေါများများရယ်…။ ။အဲ့အပှဒ်ထိကို ကြိုက်တယ်

commentinfo By: thuya at Aug 16, 2011
Comment #5

အားပေးသွားပါတယ်ကိုနရီထက်
goodတယ်။

commentinfo By: poem.poem28 at Aug 16, 2011
Comment #6

မိုက်တယ်နော်

commentinfo By: HEROSMITH at Aug 16, 2011
Comment #7

လာရောက်အားပေးသွာပါတယ်ခင်ဗျာ … 🙂

commentinfo By: chityellusoelay at Aug 16, 2011
Comment #8

အရမ်းကိုကြိုက်သွားပြီအကိုကြီး..မိုက်တယ်…..

commentinfo By: myintmo at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment