Professional Authors

စိတ်ကူးယဉ်မှု

သူ့အပြုံးလေးကို တွေ့လိုက်တယ်။
ပျော်လိုက်တာဗျာ
စိတ်ကူးယဉ်ကမ္ဘာထဲက အိမ်မက်လေးလိုပဲ။
ပန်းနုရောင် ရနံလေးတွေ
အစိမ်းရောင် လေညင်းလေးနဲ့
သိမ်မွေ့တဲ့ လိပ်ပြာလေးတွေက
နူးညံတဲ့ ကောင်းကင်ကြီးအောက်မှာ။
အေးမြတဲ့ ကန်ရေပြင်မှာ
ငြိမ်းချမ်းနေတဲ့ ငါးလေးတွေ
စိမ်းဖန့်ဖန့် ရေညို့တွေနဲ့
ပျော်နေကြတယ်လေ။
ဆည်းဆာချိန် ညနေလေးမို့
အိပ်တန်းပြန် နေမင်းရယ်
ငှက်လေးတွေနဲ့ အလင်းတန်းတွေ
လှလွန်းနေတယ်ကွယ်။
သူမတော့ မသိနိုင်ဘူးထင်ပါရဲ့ ဗျာ။
ကဗျာလေးတွေနဲ့ ကျွန်တော်ပဲ
သိနိုင်ခဲ့တဲ့ စိတ်ကူးယဉ်မှုတွေကိုလေ။

In: ကဗျာ Posted By: Date: Sep 13, 2010
Comment #1

ကျွန်တော်..အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment