Professional Authors

ပျော်တော်ဆက်

မိန်းကလေး…

မင်းပျော်နေပြီဟုတ်

ငါသွားတော့မယ်နော်

အရာရာဟာ မှုန်ဝါးဝါး

သိပ်ချစ်တယ်…။

မင်းရယ်နေပြီဟုတ်…

မင်းပျော်နေပြီဟုတ်…

မင်းအဆင်ပြေနေပြီဟုတ်…

မင်းအနားမှာအားပေးတဲ့သူရှိနေပြီဟုတ်…

ငါသွားတော့မယ်

ငါဟာ ပျော်တော်ဆက်ပါ

မင်းလိုပဲ…

ငါ့ကိုဟာသလုပ်မဲ့သူတွေဆီ ငါသွားရအုံးမယ်…။

အခွင့်ရှိမယ်ဆို…

မင်းအဆင်မပြေတဲ့အခါ

မင်းပြန်ခေါ်လိုက်ပါ

ငါမင်းအတွက် သီးသန့် ပြကွက်တစ်ခု

လေ့ကျင်ထားတယ်…

မင်းအပြုံးလေးမြင်ပါရစေ…။

In: ကဗျာ Posted By: Date: Feb 20, 2013
Comment #1

ငါဟာပျော်တော်ဆက်ပါ
မင်းလိုပဲ
ငါ့ကိုဟာသလုပ်မယ့်သူတွေဆီငါသွားရဦးမယ်

တမျိုးကြီးပဲနော် Loafer
ဟီးဟီး

commentinfo By: ei lay at Feb 20, 2013
Comment #2

ဟုတ်တယ်လေ
လူတိုင်းရဲ့ အရူးလုပ်ခြင်းကိုခံစားနေရမှာပဲလေ
ရှေ့ ဆက်လျှောက်နေသရွှေ့ 
ကျွန်တော်မဲ့နေရရင်တောင်
အားလုံးပျော်ရွှင်ရင်ကျေနပ်ပါတယ်…။

commentinfo By: loafer at Feb 20, 2013
Comment #3

loafer ပြောတော့မင်းအတွက်ဆို?
အဲဒီ မင်း ဆိုတဲ့ ၁ ယောက်သောသူ အတွက် loaferလိုမျိုးချစ်သူလေးကိုပိုင်ဆိုင်ရတဲ့အတွက် အိကအားကျနေတာ
ပြီးလဲပြီးရော loafer က အဲလိုမျိုးပေးဆပ်ချင်တာ သူ၁ယောက်တောင်မကပါဘူးဆိုတော့

commentinfo By: ei lay at Feb 20, 2013
Comment #4

ကဲ ပြောပါဦး
ဘယ်သူတွေက loafer ကို အနိုင်ကျင့်သတုံး
🙁
ဘယ်သူတွေက loafer ကိုအရူးလုပ်တာလဲကွ
🙁
ပြောချမ်း ပြောချမ်း
အိ နဲ့တွေ့မယ်
အကုန်လုံးကို ဒဏ်ပေးမယ် loafer ကိုထိရဲထိကြည့်ချမ်း

commentinfo By: ei lay at Feb 20, 2013
Comment #5

အဲ့လိုမဟုတ်ဘူးလေ ပေးဆပ်နေတာကတော့သူမတစ်ယောက်တည်းလေ
သူမကျွန်တော်ကိုမှမလိုအပ်တော့တာ သူ့အနားမှာရှိနေပြီပဲ
ပျော်နေရပြီပဲ…

နောက်တော့ရေးလိုက်တာလည်းနည်းနည်းရောသွားလို့ ပါ ဖတ်ရတာတွေရှုပ်ကုန်တာပါ
မနေ့ ကဒီကဗျာလေးကိုရေးမလို့ ကြံထားတာပါ ညရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ ရန်နည်းနည်းဖြစ်
တယ်အဲ့တော့ကဗျာကရှုပ်သွားတာပါသူတို့ တွေကျေနပ်ဖို့ အတွက်ပျော်တော်ဆက်ပေါ့အဖြည့်ခံပေါ့

အရေးအသားညံသွားတဲ့အတွက်တောင်းပန်ပါတယ်…။ 🙁

commentinfo By: loafer at Feb 20, 2013
Comment #6

မညံ့ပါဘူးဗျာ။ ကောင်းတယ် ကျွန်တော်လည်းထပ်တူပါပဲဗျာ။

commentinfo By: အရိပ် at Feb 20, 2013
Comment #7

ကျွန်တော့်ကို အနိုင်ကျင့်တာ အရူးလုပ်တာ ကကျွန်တော့်ရဲ့ စိတ်ပါ
သူကိုဖမ်းပြီးတော့ သေဒဏ်ပေး ပေးပါ မအိလေးခင်ဗျာ…. 😀
ကတိနော်… 😛

commentinfo By: loafer at Feb 20, 2013
Comment #8

ဟင့်
ဟင့်
:'(
အဲဒါဆိုလည်း ဒီကဗျာကြီးက သူမအတွက် ဟုတ်ဘူး
loafer ရဲ့ ချစ်ချစ်ကြီးတွေအတွက်ပဲ

အဲဒီသူငယ်ချင်းတွေကြောင့်ပဲကွိုင်တက်တယ် ။
အမြဲစိတ်ရှုပ်ရတယ်

သူငယ်ချင်းအတွက်ပဲရေးထားတာကြီး

🙁

commentinfo By: ei lay at Feb 20, 2013
Comment #9

ဟီးဟီး
😛
တကယ်ဒဏ်ပေးမယ်

loafer ကိုယ်တိုင် ဖြစ်နေတော့ နဲနဲ Shock ရှိတယ်ကွ
loafer သူငယ်ချင်းတွေဆိုရင်တော့ အိ ကလုံးဝကြောက်ဖူး အားလည်းနာဘူး
loafer ကိုထိလို့ကတော့ အိနဲ့တွေ့ပြီသာမှတ်
သိလား

commentinfo By: ei lay at Feb 20, 2013
Comment #10

ငါဟာ ပျော်တော်ဆက်ပါ

မင်းလိုပဲ…

ငါ့ကိုဟာသလုပ်မဲ့သူတွေဆီ ငါသွားရအုံးမယ်…။

ဒီစာသားလေးတစ်ခုထဲပါ ကျန်တာကတော့ သူမအတွက်ပါ.. 😀
ကျေးဇူးပါ မအိလေး
ကျွန်တော်ညကတည်းကစိတ်ညစ်နေတာတွေအခုတော့ပျောက်သွားပြီ…။
ကျေးဇူးအထူး 😀

commentinfo By: loafer at Feb 20, 2013
Comment #11

ပျော်ဖို့ဆိုရင် ကျေအေးပေးလိုက်ပါ
အနည်းဆုံးတော့ ကိုယ့်ကိုပျော်အောင်မလုပ်နိုင်တဲ့သူတွေကို သိခဲ့ရတယ်လေ
ခံစားမနေနှင့် .. ခေါင်းထဲကထုတ်ပစ်လိုက် ..

commentinfo By: maypyo22889 at Feb 20, 2013
Comment #12

ဟုတ်တယ်
ခဏလေးပဲနေရတဲ့လူဘဝကြီး loafer ရဲ့
စိတ်ချမ်းသာကိုယ်ကျန်းမာအောင်နေနော် loafer
loaferစိတ်ချမ်းသာမှ ပျော်မှာ ။ အသက်ရှည်မှာ

အိတို့ လည်းများများ နှိပ်စက်လို့ ရတာပေါ့
😛

commentinfo By: ei lay at Feb 20, 2013
Comment #13

Yes Sir …. 😀

ပျော်ပျော်နေပါတယ် ခင်ဗျာ…
ကျွန်တော့်အစ်မကြီးတွေ အစ်ကိုကြီးတွေလည်း ပျော်အောင်နေအုံး … 😀

commentinfo By: loafer at Feb 21, 2013
Comment #14

အခွင့်ရှိမယ်ဆို…

မင်းအဆင်မပြေတဲ့အခါ

မင်းပြန်ခေါ်လိုက်ပါ

ငါမင်းအတွက် သီးသန့် ပြကွက်တစ်ခု

လေ့ကျင်ထားတယ်…

မင်းအပြုံးလေးမြင်ပါရစေ…။

စာသားတွေက သေလို့ရတယ်နော် ကဗျာက လွှတ်~မိုက်တယ်ဗျာ
ဖတ်သွားပါတယ် !!!

With respect,
RAY

commentinfo By: X - ray at Feb 25, 2013
Comment #15

ဟား အရမ်းမိုက်တယ်ဗျာ ကြိုက်တယ် အားပေးနေမယ်အကိုရေ ကြိုက်လို့ ကူးထားမယ်နော်

commentinfo By: ငြိမ်းချမ်းကို at Feb 25, 2013
Comment #16

ကျေးဇူးပါ Ray and ငြိမ်းချမ်းကို ….။

commentinfo By: loafer at Feb 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment