Professional Authors

လွမ်း—

လွမ်း

ရင်ထဲရှိတဲ့
အလွမ်းတွေ ကို
ဖော်ကျူးရင်း
ကဗျာလေးတွေရေးဖွဲ့နေ

အတွေးများစွာ
ဝင်ရောက်ခဲ့
ရှုပ်ယှက် ခက်
စိတ်ကူးများထဲ
ငါဟာရူးမိုက်နေစဲ….

လျှောက်လို့လည်
အတွေးကမ္ဘာထဲ
ဟိုရောက်သည်ရောက်နဲ့
စိတ်တွေပုံမှန် မဟုတ်ခဲ့
နေ့တိုင်းလဲသတိရတယ်
နေ့တိုင်းလဲလွမ်းနေတယ်
မင်းကတော့ တစ်ခြားရင်ခွင်မှာပျော်နေ လျက်ပေါ့

ခွင့်လွှတ်သည်းခံမုတွေက
သစ္စာ မေတ္တာ  တွေ နဲ့
အလိုလိုဖြစ်ပေါ်လာတယ်
ငါ့အပေါ်မချစ်တဲ့မင်းကိုမှ
အချစ်ကြီးချစ်ခဲံ့မိတဲ့ အတွက်
ကိုယ့်ကိုကိုယ် တောင်နားမလည်ခဲ့
ခံစားချက်တွေ  အရမ်းများလာတော့
ဝေးဝေးကချစ်နေ လွမ်းနေ သတိရနေ ရင်း
မင်းလဲ လွတ်လပ်စွာ လျှောက်လှမ်း
ရင်း တစ်ပါးရင်ခွင်မှာ
ငါ့ကိုသတိလေးတောင်မရပါနဲ့
ချစ်ရသူ ရယ်……………………………M Y M

In: ကဗျာ Posted By: Date: Sep 16, 2012
Comment #1

ကိုယ့်ကိုယ်မချစ်နိုင်တဲ့သူကို ချစ်မနေပါနဲ့ဟာ။ လွမ်းလဲမလွမ်းပါနဲ့။ ကိုယ့်ကိုချစ်တဲ့သူတွေကိုကြည့်လိုက်ပါ။

commentinfo By: raingirl at Sep 16, 2012
Comment #2

be lo loak ma le,,raingirl ye
kou ka le koh kou ma chit de thu ko pe chit nay de,
bar loh hman ko ma ti bu… 😛
“koh ko ma chit de thu ka lae kou ma shi yin thu ma pyaw naing bu de”

commentinfo By: ei lay at Sep 16, 2012
Comment #3

ဟီးဟီး (ရီတာ က ကျနော် မဖတ်တတ်လို့ ပါ )

commentinfo By: MYM at Sep 17, 2012
Comment #4

raingir ရေ ချစ်နေမိတော့လဲ ဘယ်တတ်နိုင်မလဲဗျာ

commentinfo By: MYM at Sep 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment