Professional Authors

သင်းကွဲသူများ(၂) – တာရာမင်းဝေ

နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။

တာရာမင်းဝေ

http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်

In: ကဗျာ,တာရာမင်းဝေ Posted By: Date: May 18, 2010
Comment #1

သတိယလိုက်တာ ညီမလေးရေ ….

commentinfo By: htetminpaing09 at May 31, 2010
Comment #2

သူငယ်ချင်းအားလုံးကိုသတိရခြင်းများစွာနဲ့စာရေးလိုက်ပါတယ်

ရက်စိမ်းကားမင်းမုန်းသွားလဲနောက်ဆုံးကျန်ရစ်
ငါ့အဖြစ်ကိုကြယ်လမင်းတောင်သနားနေတယ်

commentinfo By: minthu at Jun 1, 2010
Comment #3

ကဗျာကောင်းလေးပါပဲ…
ကျေးဇူးပါ…

commentinfo By: မှုံရွှေရည် at Aug 1, 2010
Comment #4

တစ်ကယ်ကို ခံစားရပါတယ်ဗျာ

commentinfo By: နှင်းဝေမိုးလတ် at Sep 9, 2010
Comment #5

တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)

အရမ်းကြိုက်တဲ့..ကဗျာပါပဲ

commentinfo By: ဖိုးစည် at Feb 17, 2011
Comment #6

ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်

ဆရာ…ကျွန်တော်လာသွားတယ်နော်

လေးစားလျက်
နိုးဆက် နေ့

commentinfo By: နိုးဆက် နေ့ at Jan 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment