Professional Authors

ဘောင်

 

မင်းအတွက်နဲ့

ငါ့ကိုယ်ငါ အနားသတ်ထားတဲ့ကောင်

 

မင်းတစ်ယောက်တည်းနဲ့

ရင်ခွင် အိပ်မက်ထဲ ကမ္ဘာတည်

အော်ကြီးဟစ်ကျယ် နေချင်တဲ့ကောင်

 

မင်းအလိုအရ

ငါ့ဘဝငါ ကန့်သတ်ပစ်လိုက်တဲ့ကောင်

 

အဲ့ဒီအတွက်

ဘယ်ကျူးပစ်ကများ

လက်ခုပ်သံ ညံညံတစ်ချက်ပေးခဲ့ဖူးသလဲ။

 

အခုဆို

အားလုံးထဲမှာမှ

ငါက

နင့်ကိုခတ်တဲ့

ဘောင်……………။

In: ကဗျာ Posted By: Date: Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment