Professional Authors

စုန်ရေ ၂၁ (မင်းခိုက်စိုးစန်)

(၁)

ရာဇဝင်တီးလုံးတွေဟာ
အဇာတသတ်ကို နင်းကြိတ်ခဲ့ ….
တရားခံရှေ့နေမပါတဲ့ ခုံရုံးမှာ
ခင်ဗျားတို့ မျက်လုံးတွေက တရားစွဲ
သားသမီးတွေရဲ့ အသည်းကို
သံသယအိတ်ထဲစွပ်
အတက်ချွန်တွေနဲ့ခွပ်ခဲ့ပေါ့ …။

(၂)

ငြင်းလိုက်မယ်ဗျာ
သံခြေကျဉ်းသံဝဲနေတဲ့
ယပ်လှဲတရားတွေအတွက်
ဆံပင်ဖြူပေါက်နေတဲ့
လက်ညှိုးငေါက်တောက်တွေအတွက်
ပြီးတော့
တုပ်ကွေးမိ အားပြတ်နေတဲ့
အနာဂါတ် သန္ဓေသားအတွက် …

(၃)

ပြောပါ
အဇာတသတ်နောက်မှာ
ဘယ်သူပါသေးလဲ
လေးမနှုတ်လောက် ခြောက်လာ
ရွတ်နေစရာမလို
လက်နဲ့ခြေပေါင်း
အချောင်းနှစ်ဆယ်အပြင် မပိုဘူး။

(၄)

ချိန်ခွင်ပေါ်ထားပြီး
ချိန်ရဲသလား ပြောပါ။
ပစ္စက္ခဟာ ပေတံတစ်ချောင်းပေါ့
သင်ကောင်းကောင်း တိုင်းတာနိုင်တယ်
မိုင်တိုင် ၂၁
တိုးတက်ခေတ်တစ်ခုရဲ့
ဆေးဝါးတွေကြား
မရေမတွက်နိုင်တဲ့ သား များစွာ
မိဘတို့ရဲ့ သတ်ခြင်း ခံနေရရှာရဲ့ ..။ ။

မင်းခိုက်စိုးစန်

ရာစုသစ်မြင်းရိုင်းများ

ဆေး(၂) ၁၉၉၁

Comment #1

တော်သေးတာပေါ့ဗျာ
အဇာတသတ်မဟုတ်ပေမယ့်
မိဘတားတဲ့မျဉ်းကထွက်ခဲ့လို့ 
ကိုယ့်ကိုယ်ကိုယ်သတ်တဲ့သူထဲပဲ
ရေးမှတ်ခံရတယ် . . .

commentinfo By: Mickey at Mar 3, 2012
Comment #2

tttt

commentinfo By: ကောင်လေး at Jul 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment