Professional Authors

နေတတ်သွားပြီ

လှည့်မကြည့်ဘဲထားခဲ့ပြီးမှ
သတိရတယ် ဆိုတဲ့စကားလေးနဲ့
မနှစ်သိမ့်ပါနဲ့…….
ငါပေးမိတဲ့အချစ်တွေက
နင့်အတွက်မလုံလောက်နိုင်လို့..အသစ်ရှာရင်လဲ
သွားတော့ချစ်သူ…
နှုတ်ဆက်တဲ့စကားတခွန်းတောင်
နင်..တွန့်တိုခဲ့တာဘဲ
ကျန်တာတွေငါ..မမျှော်မှန်းတော့ဘူး
ဘာကြောင့်လဲဆိုတဲ့အတွေးတွေနဲ့
ငါ..မွန်းကျပ်ဖူးပေမယ့်
ဘယ်လိုကြောင့်ဆိုတဲ့အကြောင်းပြချက်
နင်ပေးဖို့မလိုတော့ပါဘူး
အနာပျောက်သွားရင်တောင်
အမာရွတ်ကျန်တက်သေးတာဘဲ
ဒါပေမယ့်……
မတော်တဆလွင့်လာတဲ့ ညှော်နံ့ကြောင့်
ငါ့..ရင်ထဲကအနာ…
အသစ်မဖြစ်စေရဘူးဆိုတာ
နင်…သိထားပါ

In: ကဗျာ Posted By: Date: Sep 30, 2010
Comment #1

ဘာကြောင့်လဲဆိုတဲ့အတွေးတွေနဲ့
ငါ..မွန်းကျပ်ဖူးပေမယ့်
ဘယ်လိုကြောင့်ဆိုတဲ့အကြောင်းပြချက်
နင်ပေးဖို့မလိုတော့ပါဘူး ဆိုတဲ့ စာကြောင်းကအရမ်းကောင်းပါတယ်….။
ဒီကဗျာလေးကိုကြိုက်တယ်…..။

commentinfo By: kaythari at Sep 30, 2010
Comment #2

“ဘယ်လိုကြောင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်နင်ပေးဖို့မလိုတော့ပါဖူး.” လုံးဝဟုတ်တယ်…

commentinfo By: ဇင်ဇင် at May 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment