Professional Authors

မရေရာခြင်း

ပေါ့ပါးတဲ့တိမ်တစ်စလိုလွှင့်မျှောချင်မိတယ်.
တိမ်သွားရာလမ်းကြောင်းပေါ် လမ်းဆုံးရောက်လိမ့်နိုးနဲ့
လျှောက်နေမိတာလဲအကြိမ်ကြီမ်…
မလဲပြိုအောင် မာန်တင်းအံကြိတ်လို့
တိမ်သွားရာလမ်းကြောင်းကိုမှ ရွေးချယ်မိမှတော့
လျှောက်လှမ်းရတာဘာဆန်းမှာလဲ…..
လေတွေကိုအကြိမ်ကြိမ်ဖမ်းဖို့ ဆုပ်ကိုင်မိတဲ့
လက်တစ်စုံမှာလဲအင်အားတွေထည့်ထားတယ်…
တောင်ကြီးကိုလဲပြိုအောင်ယုံကြည်ခြင်းဆိုတဲ့
ခဲငယ်လေးနဲ့ ပေါက်နေမိတာလဲအကြိမ်ကြိမ်……….
ပုံစံခွက်တစ်ခုထဲ ရေတွေကိုထည့်ရင်း
ပုံသဏန်ပြောင်းနေမိတဲ့ငါ့စိတ်တွေကိုအစာကျွေးရင်းပေါ့.။

In: ကဗျာ Posted By: Date: Nov 2, 2011
Comment #1

အားပေးသွားပါတယ်

commentinfo By: ridd at Nov 2, 2011
Comment #2

တကယ်မရေရာတာပဲ..ဒါပေမယ့် ရေရေရာရာအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 2, 2011
Comment #3

ရွှေကြယ်မိုး-(၀ါ) ရဲဝင့်အောင်
အားပေးသွားတယ်နော်…..
နောက်ဆိုရွှေကြယ်မိုးအမည်နဲ့ ပဲရေးတော့မယ်
ကြိုက်ပါတယ်နော်
အရမ်းကောင်းတယ်

commentinfo By: yaewintaung at Nov 2, 2011
Comment #4

ပြန်လည်အားပေးတဲ့ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးတင်ပါတယ်.
ရွှေကြယ်မိုးကဗျာတွေကိုလဲဝင်ရောက်ဖတ်ရှုသင်ယူပါ့မယ်…….

commentinfo By: May Kha at Nov 3, 2011
Comment #5

poemscorner မှညီအစ်ကိုမောင်နှတွေအားလုံးကို
အစ်မ နှုတ်ဆက်ခဲ့ပါတယ်……
အစ်မကိုခင်ကြတဲ့။ အားပေးကြတဲ့ညီအစ်ကိုမောင်နှမတွေကို
ကျေးဇူုးတင်ပါတယ်….
ရခဲ့တဲ့အချိန်လေးတွေကအစ်မတွက်တန်ဖ်ုးဖြတ်မရခဲ့ပါဘူး..
စိတ်ညစ်တိုင်း၊ လွမ်းတိုင်း၊ ဒီနေရာလေးမှာဖွင့်ထုတ်ခဲ့ရတာပါ.
ပြောရရင်အစ်မလေမသွားချင်ပါဘူး……..
ဒါပေမဲ့အပီးပိုင်ပဲနှုတ်ဆက်ခဲ့လိုက်ပါတယ်……….
ကျေးဇူးအထူးတင်ပါတယ်ရှင်…..အစ်မကြောင့်ဘယ်သူကိုမှ
စိတ်မညစ်စေချင်ပါဘူး………….

hello Ma May Kha ……don’t u want to explain about this ….i think u should tell what u want to tell…..be a happy girl…..i Pray////////

commentinfo By: nate thit(နေ့သစ်) at Nov 24, 2011
Comment #6

😛

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment