Professional Authors

ပိတောက်ရယ် မင်း.. ရက်စက်လှချည့်!

ပိတောက်ရယ် မင်း.. ရက်စက်လှချည့်!

အရာရာဟာ အဟောင်းအတိုင်းပဲ

နွေကိုကြိုတဲ့ ပိတောက်တွေလည်း

ရာသီအပြောင်းမှာ

သစ္စာရှိရှိနဲ့ ပြန်ရောက်လာတုန်းပဲ

နွေဆိုတာ အိမ်ပြန်ဖို့တဲ့

သူတို့က စကားဆိုတယ်။


စကားမပီသေးတဲ့ အိပ်မက်တွေ

မွေးဖွားခဲ့ဖူးတဲ့ အိမ်လေးဆီ

ပိတောက်တွေနဲ့ အတူ

ငါလည်း ပြန်ချင်ပါရဲ့….။

အသိုက်တွေကို တစ်နယ်တစ်ကျေးမှာ

စနစ်တကျ တည်ဆောက်ရင်း

အိမ် ဆိုတာ အဝေးမှာလို့

ကျင့်သားရဖို့ကြိုးစားနေတာကို

နွေပိတောက်ရယ်

မင်းမသိရက်လေသလား…။

 

နှစ်သစ်ကိုတော့ ရောက်တော့မယ်….

ငါကတော့ ဒီအိပ်မက်ဟောင်းကိုပဲ

အခါခါ ပြန်မက်နေရဆဲ

ဟိုးအဝေးက အိမ်လေးဆီ….။

ပြန်ခွင့်ရှိရင်လည်း

မပြန်နိုင်သေးတဲ့အခါ

စကားတစ်ခွန်းပဲ ဆိုမယ်

ပိတောက်ရယ်

မင်း!

ရက်စက်လှချည့်…။

In: ကဗျာ Posted By: Date: Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment