နင်သာငါ့နေရာမှာဆိုရင်………………(terry)
ငါပေးဆပ်ခဲ့တဲ့အရာတွေအတွက်
တစ်စုံတစ်ရာမျှော်လင့်ချက်နဲ့
ငါနင့်ကိုတောင်းဆိုခဲ့ဘူးလား
ဒါပေမယ့်…
ဝတ္တရားသက်သက်အတွက်
ပေးခဲ့ဖူးတဲ့ ကတိတွေကတော့
ရင်နဲ့မဆန့်အောင်ကို
ငါ့အတွက်ခါးတယ်။
နင်သာငါ့နေရာမှာဆိုရင်………။
ချစ်သူတွေဖြစ်ခဲ့ဖူးတယ်တဲ့လား..
ပုံပြင်ထဲကလိုပဲ
ငါ့ကော်ဖီခွက်ထဲကကြယ်ကိုတောင်
ငါနီးနီးကပ်ကပ်မြင်ဖူးခဲ့တာမဟုတ်ဘူး။
ငါးတစ်ကောင်ရဲ့အသိနဲ့
ချပေးတဲ့အစာမှာ
ချိတ် ရှိမရှိ
ကြိုမသိခဲ့တာ ယုတ္တိရှိပါတယ်။
နင်သာငါ့နေရာမှာဆိုရင်…………။
တစ်ခါတစ်လေမှာ
မကြားချင်ပဲနားထဲဝင်လာတဲ့
အရာတွေကြောင့်
မုန်တိုင်းဆန်ချင်ပေမယ့်
နင်ပြိုတဲ့မိုးနဲ့ပဲ
မုန်တိုင်းဆိုတဲ့အနက်ကို
ငါဖျက်ဆီးခဲ့တယ်။
နင်သာငါ့နေရာမှာဆိုရင်………..။
သတိရလို့လားဆိုတော့လည်း
အဲ့ဒီလောက်မဟုတ်ဘူး
သတိမရလို့လားဆိုတော့လည်း
အဲ့လိုမဟုတ်ဘူးတဲ့
စကားလုံးနှစ်ခုရဲ့
စီးချင်းထဲကမြှားက
ငါ့ရင်ပဲခဏခဏ လာစိုက်တယ်။
ဘာပဲဖြစ်ဖြစ်ပါ
အပြစ်ကိုလိုချင်လို့ရှာဖွေတဲ့သူအတွက်
ငါအမှန်တရားတွေချချမပြတော့ပါဘူး။
အနိုင်ရရင်ကိုနင်ကျေနပ်ပြီ မဟုတ်လား။
နင်သာငါ့နေရာမှာဆိုရင်……………..။
ထားလိုက်ပါတော့………………
ငါပျိုးတဲ့အပင်မို့
ငါမဟုတ်တဲ့အခြားသူအတွက်
ငါကိုယ်တိုင်ပဲချိုးပြီးပေးလိုက်မယ်။
ရင်ခွဲမယ့်ဓါးကို
ချစ်မိတာကိုက
ငါ့အမှားပါ။
သေမိန့်တဲ့အကျဉ်းသားတိုင်းမှာ
နောက်ဆုံးတောင်းဆိုခွင့်ရှိမယ်ဆိုရင်
ငါတစ်ခုလောက်မေးချင်တယ်
”နင်သာငါ့နေရာမှာ ငါ့လိုခံစားခဲ့ရရင် ဘယ်လိုလုပ်မလဲ”
နင်သာငါ့နေရာမှာ ငါ့လို………….
နင်သာငါ့နေရာမှာ………..
နင်သာ…………။
terry(5.28.2009.THU)
Comment #4
ငါပျိုးတဲ့အပင်မို့
ငါမဟုတ်တဲ့အခြားသူအတွက်
ငါကိုယ်တိုင်ပဲချိုးပြီးပေးလိုက်မယ်။
ရင်ခွဲမယ့်ဓါးကို
ချစ်မိတာကိုက
ငါ့အမှားပါ။
ဒီစာသားကထိတယ်ကြိုက်တယ်ဗျာ။
By: kyawtint at Feb 13, 2011
Comment #5
ထားလိုက်ပါတော့………………
ငါပျိုးတဲ့အပင်မို့
ငါမဟုတ်တဲ့အခြားသူအတွက်
ငါကိုယ်တိုင်ပဲချိုးပြီးပေးလိုက်မယ်။
ရင်ခွဲမယ့်ဓါးကို
ချစ်မိတာကိုက
ငါ့အမှားပါ။
သေမိန့်တဲ့အကျဉ်းသားတိုင်းမှာ
နောက်ဆုံးတောင်းဆိုခွင့်ရှိမယ်ဆိုရင်
ငါတစ်ခုလောက်မေးချင်တယ်
”နင်သာငါ့နေရာမှာ ငါ့လိုခံစားခဲ့ရရင် ဘယ်လိုလုပ်မလဲ”
နင်သာငါ့နေရာမှာ ငါ့လို………….
နင်သာငါ့နေရာမှာ………..
နင်သာ…………။
အရမ်းပဲကောင်းတယ်ဗျာ ….
By: micky at Jun 26, 2011
Comment #7
heart hti de.
kwat ti pe.
By: ei lay at Jul 23, 2011
Comment #8
goodတယ်ဗျ။မေးသင့်တယ်အဲဒီမေးခွန်း
By: poem.poem28 at Jul 23, 2011
Comment #9
ချစ်သူတွေဖြစ်ခဲ့ဖူးတယ်တဲ့လား..
ပုံပြင်ထဲကလိုပဲ
ငါ့ကော်ဖီခွက်ထဲကကြယ်ကိုတောင်
ငါနီးနီးကပ်ကပ်မြင်ဖူးခဲ့တာမဟုတ်ဘူး။……အရမ်းကြိုက်တယ်…….
By: ကြယ်စင်နတ်သမီး at Aug 8, 2011
Comment #10
ထားလိုက်ပါတော့………………
ငါပျိုးတဲ့အပင်မို့
ငါမဟုတ်တဲ့အခြားသူအတွက်
ငါကိုယ်တိုင်ပဲချိုးပြီးပေးလိုက်မယ်။
By: han paing oo at Aug 8, 2011
Comment #11
nin tar ngar nay yar hmar so yin,,,,,,,,,,,,
By: ei lay at Jan 10, 2012




Comment #1
😀 it’s really cool