Professional Authors

မင်္ဂလာပါ (terry)

မတွေ့တာကြာပြီဝတ္တရားထက်
အသံနည်းနည်းလောက်ချဲ့စေချင်တယ်
စကားလုံးတွေထက်
အသံမဲ့မျက်လုံးတွေရဲ့
ယုတ္တိဗေဒကို
ပိုမိုယုံကြည်သင့်တယ် မဟုတ်လား
မပြောပါရစေနဲ့ …………ငါ့ကိုယုံပါ။

မပြောဖူးသေးတဲ့ ဂီတ
မကြားဖူးသေးတဲ့ လိပ်ပြာ
မထိုင်ဖူးသေးတဲ့ ကြယ်တွေနဲ့
မကြည့်ဖူးသေးတဲ့ ညနေ
သံစဉ်တွေကအစ
ယစ်မူးဖွယ်ကောင်းလွန်း

တက်လာမယ့်ဖဲ
မကြည့်ရဲရုံပါပဲ….
တစ်ဖက်ကတော့
သေချာလွန်းနေခဲ့
စက်ဝိုင်းတွေအကြောင်းကို
မျဉ်းဖြောင့်တွေကစပြောရသလို

ရာသီဥတုတွေအကြောင်းကို
တိမ်းစောင်းမှူ့ကစပြောရသလို

လက်မှတ်မရသေးတဲ့အနာဂတ်ကိုတော့
တဒင်္ဂတွေကနေစပြောကြရအောင်။

                                                        terry
                                                     

In: ကဗျာ Posted By: Date: Apr 20, 2012
Comment #1

လက်မှတ်မရသေးတဲ့အနာဂတ်ကိုတော့
တဒင်္ဂတွေကနေစပြောကြရအောင်။
ခင်ဗျားတွေ ပိုကောင်းလာတယ်ဗျ…(လုလင်)

commentinfo By: thetnaung at Apr 20, 2012
Comment #2

ညီလေး ပျောက်နေတာကြာလို့ ဖုန်းဆက်ဖို့တောင် စိတ်ကူးသေးတယ်
ဘယ်တွေ ရောက်နေလဲ ဘာတွေလုပ်နေလဲ
ဒီကဗျာကို ဖတ်လိုက်ရုံနဲ့ ညီလေး ဘယ်လောက်အားထုတ်တယ်ဆိုတာ
သိသာပါတယ်
ကဗျာနဲ့အဆက်မပြတ်ရှိနေတာ သိရတဲ့အတွက် အကို ၀မ်းသာတယ်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 21, 2012
Comment #3

မင်္ဂလာပါ . . ဂွတ်

commentinfo By: နတ်သမီး at Apr 25, 2012
Comment #4

arr pay twar par d

commentinfo By: ei lay at Apr 25, 2012
Comment #5

အားပေးလျှက် ပါဗျို့ ……………….
အတု ယူလျှက် ပါဗျို့ ……………..
လေးစား လျှက် ပါဗျို့ …………………..

commentinfo By: sharon myorr myor at Jun 3, 2012
Comment #6

ကဗျာအသစ်တွေ မျှော်နေပါတယ်

လေးစားလျက်ပါ

commentinfo By: Nothing Special at Jul 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment