Professional Authors

ဒဿဂီရိလေးတင်ခန်း

မတူမှန်းမတန်မှန်းသိတယ်
ဗိုလ်ပုံအလယ်အရှက်ကွဲမှာကိုလဲသိခဲ့တာပဲ
မယ်သီတာကိုပိုင်ဆိုင်ဖို့အတွက်
ဆိတ်ချိုတစ်ထောင်ဆက်ထားတဲ့လေးကို
အားမတန်ပေမယ့် မာန်မလျော့ဘဲ
အကောင်းဆုံးကြိုးစားပြခဲ့ပေမယ့်
အသိမှတ်ပြုမခံခဲ့ရဘူး………
အားမငယ်နဲ့ဒဿ
မင်းဘက်ကငါရှိတယ်…..
အစွမ်းကုန်ချစ်ပြခဲ့တဲ့မင်းအတွက်
ငါဂုဏ်ယူတယ်
ဒဿရေ ရာမမင်းသားကိုမေးလိုက်စမ်းပါ
မင်းသာငါ့နေရာမှာဆိုရင်
ရာဇ၀င်မှာလူမုန်းခံပြီး ငါ့လိုချစ်ပြရဲသလားလို့…..လေ

In: ကဗျာ Posted By: Date: Mar 31, 2011
Comment #1

ဒဿရေ ရာမမင်းသားကိုမေးလိုက်စမ်းပါ
မင်းသာငါ့နေရာမှာဆိုရင်
ရာဇ၀င်မှာလူမုန်းခံပြီး ငါ့လိုချစ်ပြရဲသလားလို့…..လေ

commentinfo By: SimpleSimplest at Mar 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment