Professional Authors

“မငိုနဲ့ တော့နော်”

ပန်းကလေးတွေ ပွင့်နေတယ် 
စမ်းချောင်းလေးတွေ စီးဆင်းနေတယ်
ကမ်းစပ်မှာဆိုရင် လှိုင်းကလေးတွေ ပုတ်ခတ်သံ ကြားရလိမ့်မယ်
ပင်လယ်ပြင်မှာဆိုရင် ဇင်ရော်ငှက်လေးတွေ ပျံနေတာ မြင်ရမယ်
နင်မယုံဘူး မဟုတ်လား
မယုံဘူးဆိုရင် မိုးကောင်းကင်ပေါ် ခေါင်းမော့ကြည့်လိုက်
မိုးးသားရောင်စုံတိမ်တွေပြေးလွှားဆော့ကစားနေတာမြင်ရလိမ့်မယ်
ခဏကြာရင်
ဖိုးရွှေလမင်းကြီး ထွက်လာတော့မယ်
နင် မငိုနဲ့တော့နော် 

In: ကဗျာ Posted By: Date: Jan 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment