Professional Authors
သွန်လိုသွန်သောက်လိုသောက်လောကဟာငါ့လက်ခုပ်ထဲရောက်လာတယ်(terry)
ဘယ်လိုလဲ…ကံကြမ္မာ…
ကိုယ့်အလှည့်ကျ
နွဲ့ လှချည်လား….
အိမ်ကွင်းမှာစွာတဲ့ကြက်ဖလို
ဘာလို့ မပြုံးပြနိုင်တော့တာလဲ….။
ကြိုးတုပ်မထားပေမယ့်
ခင်ဗျားလှုပ်လို့မရဘူး…
မဟုတ်လား………
မချည်ထားတဲ့ကြိုးက
ဖြည်ရခက်တယ်ဆိုတာ…ယုံပြီလား…။
သိသလိုမသိသလိုနဲ့ တော့
ရောမထိုင်လိုက်ပါနဲ့ ..
ပျဉ်ဖိုးသိဖို့ 
အရင်သေဖူးဖို့ တော့လိုမယ်။
ဘာ…………………။
မင်းအလှည့်ကျလုပ်ထားပေါ့
ဟုတ်လား…………..
အငြိုးတွေဖြည့်ထားတဲ့ နှုတ်ဖျား
ခင်ဗျားအလှည့်တုံးကလို
ဒေါင့်စွန်းတွေ မျက်လုံးနားမရောက်ပါလား..။
ခံရမယ့်အလှည့်မှ
အဆိပ်သောက်တာ
မဟုတ်ဘူး………ဆို
ဝတ္တရားအရတစ်ချက်မေးရင်း
ဆိုက်ရာနိုက်ဆေးပြားကိုဆွဲထုတ်လိုက်တယ်…..။
သင်ခန်းစာထဲကလိုမဟုတ်ပဲ
သိလျက်နဲ့ 
ဖြည့်လို့ မရတဲ့ကွက်လပ်…
နှလုံးသားတွေရဲ့
ရပ်ဝန်းမှာပဲရှိတယ်ဆိုတာမသိခဲဘူးပဲကိုး………
အချိန်ဆိုတဲ့သမားတော်လည်း
ကျုပ်ဒဏ်ရာကိုမကျက်စေနိုင်ပါဘူး…
မသိရင်တော့မှတ်ထားပါ…..
အနမ်းနဲ့ ပျိုးခဲ့တဲ့ဒဏ်ရာ
အနမ်းနဲ့ နှိုးမှပဲ…ပျောက်တယ်……။
ကဲ…ဘာပဲဖြစ်ဖြစ်
အတိတ်ကိုသွားလို့ ရတဲ့ ယန္တရား
ငါ့လက်ထဲရောက်လာပြီဆိုမှတော့….
လာပါ…အချစ်ရယ်…
သူ့ ကိုမောင်တို့ ….
ခွင့်လွှတ်ခြင်းနဲ့ ပဲ
မောင်း…ဖြုတ်…လိုက်…ရ…အောင်………။
                                                           terry(6.4.2011)
In: ကဗျာ Posted By: Date: Apr 7, 2011
Comment #1
အင်း…..ကောင်းတယ်
commentinfo By: moehtetaung18 at Apr 7, 2011
Comment #2
သင်ခန်းစာထဲကလိုမဟုတ်ပဲ
သိလျက်နဲ့ 
ဖြည့်လို့ မရတဲ့ကွက်လပ်…
နှလုံးသားတွေရဲ့ 
ရပ်ဝန်းမှာပဲရှိတယ်ဆိုတာမသိခဲဘူးပဲကိုး……
မိုက်တယ်ဗျာ……..ကောင်းတယ်
commentinfo By: အသဲကွဲမိုး at Apr 8, 2011
Comment #3
အားပါးပါး…………
သိပ်ကြိုက်တယ်ညီရေ…………….
မောင်းဖြုတ်လိုက်ဖို့ အဖော်တစ်ယောက်ရှိနေတဲ့ ညီလေးရဲ့ ပြည့် စုံခြင်းကိုတော့ အားကျတယ်။။။။။။။။။။။။။။။
မင်းလူန
commentinfo By: kathitni1980 at Apr 8, 2011
Comment #4
အားပေးကြတဲ့…အကိုတွေ…အမတွေကိုကျေးဇူးတင်ပါတယ်…ဗျာ….။
commentinfo By: terry at Apr 8, 2011
Comment #5
အနမ်းနဲ့ ပျိုးခဲ့တဲ့ဒဏ်ရာ
အနမ်းနဲ့ နှိုးမှပဲ…ပျောက်တယ်……။
ကဲ…ဘာပဲဖြစ်ဖြစ်
အတိတ်ကိုသွားလို့ ရတဲ့ ယန္တရား
ငါ့လက်ထဲရောက်လာပြီဆိုမှတော့….
လာပါ…အချစ်ရယ်…
သူ့ ကိုမောင်တို့ ….
ခွင့်လွှတ်ခြင်းနဲ့ ပဲ
မောင်း…ဖြုတ်…လိုက်…ရ…အောင်………
goooooooooood
commentinfo By: Kyaw Tint at Apr 13, 2011
Comment #6
လာရောက် အားပေးသွားပါသည် ~ ~~~~~ ကောင်းတယ် ဗျို့ 
commentinfo By:ွGhost L!ke at Apr 13, 2011
Comment #7
he,,he,,
nice
commentinfo By: ei lay at Jan 10, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment