Professional Authors

ကလေးဆိုးကြီး


 

အချစ်နဲ့ သဝန်တိုစိတ်က
ညီအစ်ကို တော်သလား မသိပါဘူး။

ခုဆို သူ့သူငယ်ချင်း
ကောင်လေးတွေအကြောင်း ပြောလာရင်

အလိုလို စိတ်တိုနေမိပေါ့။

ချစ်သူက အချစ်အကြောင်း သင်တယ်။
ကျွန်တော်က သဝန်တိုခြင်းကို နားလည်တယ်။

ကလေးဆိုးကြီးလို့ပဲ ပြောပြော
ချစ်သူ့အနားမှာ ဝဲနေတဲ့ လိပ်ပြာဟာ

အထီးကလေးဖြစ်နေမယ်ဆိုရင်တောင် သဝန်တိုတယ်။

ဘာပဲ ဖြစ်ဖြစ် သဝန်တိုတယ်ဗျာ။

herostar

In: ကဗျာ Posted By: Date: Aug 30, 2010
Comment #1

တိန်…။
သူရဲကောင်းဆိုတာက သ၀န်မတိုရဖူးလေ…။
အေးပါဆို… လို မပြောကြေး 😀

commentinfo By: John Moe Eain at Aug 31, 2010
Comment #2

ဟားဟား..ငါ့ညီမကတော့ ပြန်ပြောမဲ့ စကားကိုတောင်
အလွတ်ရနေပေါ့..

commentinfo By: herostaraung at Aug 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment