Professional Authors

မုသားရဲ့ နောက်က အမှန်တရား

ခွဲဝေခံစားခြင်းဆိုတာကို
ငါ….. နားလည်တယ်
ငါ့အတွက်ရယူပိုင်ဆိုင်ဖို့ဆိုတာ
မျှော်လင့်ခဲ့တဲ့ အရာမဟုတ်ဘူး…
မင်းနားလည်အောင်ပြောရရင်
မှတ်ထား……
ကမ္ဘာတစ်ခုလုံးကိုအလင်းပေးဖို့
လောကမှာ နေ တစ်စင်းပဲရှိတယ်…။
(ဘယ်လိုမှမပေးနိုင်ဘူး)

မျှတမှုတွေကိုလိုချင်တာအမှန်ပဲ
ငါ………..နားလည်တယ်
ငါက လိုချင်တာကို
ဦးစားပေသူမဟုတ်ဘူး
မင်းသိအောင်ပြောရရင်
မှတ်ထား…….
ပင်လယ်ရေကို မင်းတစ်ယောက်တည်း
ကုန်အောင်သောက်လို့မရဘူး…။
(ဘယ်တောမှခန်းမသွားဘူး)

ဒီလောက်တောင်မှ
မှန်တာတွေပြောတဲ့ ငါ့ပါးစပ်
ဘယ်အတွက်ကြောင့် ပိတ်ရမှာလဲ…
ငါ……နားလည်တယ်
“မုသားမပါ လင်္ကာမချော”ဆိုတာကို
ဒါပေမယ့် မင်းသိထားဖို့ပြောချင်တယ်
မှတ်ထား…….
လောကကိုလိမ်ညာတဲ့ သူဟာ
ဘယ်အခါမှမသာယာနိုင်ဘူး…။
(ငါလည်းဘယ်တော့မှလိမ်မပြောဘူး)
                   
မုသားကင်းသော လူသားအဖြစ်နဲ့
ကိုယ့် ကိုယ်ကို ထုဆစ်မယ့်
တစ်ချိန်က အပြစ်ပြုမိသူ ……။     ။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 6, 2011
Comment #1

ကဗျာအရမ်းကောင်းတရ်.. ဖတ်ရင်း မင်းခံစားချက်ကို
အမနားလည်သွားတရ်နော်မောင်လေး… တစ်ဖက်သား
ရင်ထဲထိပေးခဲ့တဲ့ကဗျာကောင်းလေးတစ်ခုပါ… အားပေးနေတရ်နော်မောင်လေး…

commentinfo By: sandi at Jul 6, 2011
Comment #2

မုသားကင်းသော လူသားအဖြစ်နဲ့
ကိုယ့် ကိုယ်ကို ထုဆစ်မယ့်
တစ်ချိန်က အပြစ်ပြုမိသူ ……။ ။

ကြိုးစားပါ…..အားပေးနေပါတယ်…။

commentinfo By: terry at Jul 6, 2011
Comment #3

အားပေးသွားပါတယ် 😀

commentinfo By: Nyo Linn Thit at Jul 6, 2011
Comment #4

သည်တစ်ခါတော့ဟုတ်လှချည်လား အားပေးသွားပါတယ်

commentinfo By: မိုးသစ်လေပြေ at Jul 6, 2011
Comment #5

ဆကိပီးဖတ်ချင်ပါတယ်…………ဆက်ရေးပါ….

commentinfo By: May Kha at Jul 6, 2011
Comment #6

ခွဲဝေခံစားခြင်းဆိုတာကို
ငါ….. နားလည်တယ်
ငါ့အတွက်ရယူပိုင်ဆိုင်ဖို့ဆိုတာ
မျှော်လင့်ခဲ့တဲ့ အရာမဟုတ်ဘူး…
မင်းနားလည်အောင်ပြောရရင်
မှတ်ထား……
ကမ္ဘာတစ်ခုလုံးကိုအလင်းပေးဖို့
လောကမှာ နေ တစ်စင်းပဲရှိတယ်…

commentinfo By: anatyong at Jul 6, 2011
Comment #7

ဒီကဗျာလေးက မတရားဘူး… မိုးတိမ် ဆိုတာလေးထကိပိုပြီးတော့ မိုက်တယ် …။
မခံချင်စိတ်တွေလဲပါတယ်…။ ဟုတ်တယ် မင်းပြောသလို ပဲ လောကမှာနေတစ်စင်းပဲရှိတယ်…၊ ပင်လယ်ရေကိုလည်း ကုန်အောင်သောက်လို့မရဘူးး…၊ အမှန်တရားကိုလည်း ဖုံးကွယ်လို့မရဘူးးး.။
ဆက်ရေးပါ….။

commentinfo By: မင်းသူစိုး at Jul 7, 2011
Comment #8

အားပေးတဲ့ သူငယ်ချင်းတွေ အကုန်လုံး သိမ်းကျုံးပြီးကျေးဇူးတင်ပါတယ်……။

Comment #9

မုသားကင်းသော လူသားအဖြစ်နဲ့
ကိုယ့် ကိုယ်ကို ထုဆစ်မယ့်
တစ်ချိန်က အပြစ်ပြုမိသူ ……။ ။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #10

ကောင်းတယ်ဗျာ…၊ကျွန်တော်လဲ ရေးနိုင်အောင်ကြိုးစားထားတယ် အစ်ကို…။ အားပေးပါနော်…။

commentinfo By: မိုးဆွေ at Jul 7, 2011
Comment #11

ကဗျာက အရမ်းကောင်းပါတယ်
ပြောချင်တာကတော့…
အဟမ်..
ဆက်ရေးပါလို့..

commentinfo By: virus at Jul 8, 2011
Comment #12

🙂 ကျေးဇူးပါ သူငယ်ချင်းတို့ရေ…….။ 🙂

Comment #13

ကျေးဇူးတင်စရာမလိုပါဘူး….

commentinfo By: virus at Jul 8, 2011
Comment #14

ကျေးဇူးတင်စရာမလိုပါဘူး….။

commentinfo By: virus at Jul 8, 2011
Comment #15

စကားတော်တော်များတာပဲ ….။

Comment #16

ကောင်းတယ်ဗျို့…………………
ကိုဇော်သက်ဦး ရေ။

commentinfo By: စောရယ် at Jul 11, 2011
Comment #17

ကျေးဇူးတင်တယ် ညီလေးရေ…..။

Comment #18

great,
try hard,
carry on,

commentinfo By: ei lay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment