Professional Authors

မတူတဲ့ ၀တ်ရည်

အို…..လိပ်ပြာလေး……
မင်းမြူးတူးပျော်ပါးရင်း ၀ဲပျံနေတယ်
စပါယ်ပန်းလေးကို မင်းမေ့သွားပြီ။

အို….လိပ်ပြာလေး……
အရင်ကဆို စပါယ်ပန်းလေးကို မင်းသိပ်ချစ်ခဲ့တယ်
စပါယ်ပန်းလေးရဲ့ဝတ်ရည်က သိပ်ချိုတယ်
စပါယ်ပန်းလေးက မင်းရဲ့ အလိုကို ဖြည့်ဆည်းပေးခဲ့တယ်။

အို…..လိပ်ပြာလေး…..
စပါယ်ပန်းလေးက မင်းကိုမျှော်နေ
မင်းဝဲပျံနေတာကို ကြည်နှုးစွာငေးကြည့်နေ။

အို….လိပ်ပြာလေး…..
မင်းက အခုတော့………
အဆင်းလှတဲ့ပန်းလေးကိုနှစ်သက်နေပြီ။

အို….လိပ်ပြာလေး…..
စပါယ်ကို မမေ့လိုက်ပါနဲ့
အဲ့ဒီပန်းလေးမှာ ဆူးရှိတယ်…၀တ်ရည်က ခါးတယ်….။

အို…လိပ်ပြာလေး…..
မင်းလိပ်ပြာ မဖြစ်ခင်က စပါယ်ပင်လေးမှာ နားခဲ့တာ
စပါယ်ပင်လေးရဲ့ သစ်ရွက်က မင်းကို အေးမြစေခဲ့တယ်…..။

အို….လိပ်ပြာလေး…..
ကောင်းကင်ပြာအောက်က စပါယ်ဖြူဆီ
ပျံဝဲကာတခါ ပြန်လာပါ။

kyawtint(YU)

In: ကဗျာ Posted By: Date: Mar 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment