Professional Authors

သတိ ပိုင်ရှင်ရှိသည်…………………..

ကောင်းကင်တွေပြို
တိမ်တွေညိုနေပြီ…ချစ်သူ……..။
လမ်းဘေးက အသည်း
ကွဲချင်တိုင်းကွဲ
လွဲချင်တိုင်းလွဲ ခဲ့တယ်ချစ်သူ….။
မျှော်လင့်ခြင်းနဲ့လူ
မျှော်လင့်ခြင်း မဲ့ရင်
ဘာလုပ်မလဲ
မေးခွန်းတချို့
ခွင့်ပြုချိန်မဲ့လျှက်…………..။
အသည်းရဲ့ စကား
ဘာလို့များ မကြား ရတာလည်း
ချစ်သူ……….။
ဖ၀ါးမကွာ
အနားမှာနေတာကို
ညိုညင်တော့
မလိုချင်လည်းရပါတယ်……………..။
အသည်းကိုတော့
ကြွတ်ကြွတ်အိတ်နဲ့ထုပ်
မစွန့်ပစ်ပါနဲ့ချစ်သူ
ကမ္ဘာကြီးကို ဖျက်စီးမယ့်အသည်း
မဖြစ်စေချင်ဘူး…….။
လူတွေရဲ့ အပြုံး
ငါ့အတွက် ကအရှုံး
မုန်းတာကသူ
ပြုံးပြတာလည်းသူ
ကွဲတဲ့အသည်းက တော့
ကျွန်တော့်ဟာပါ။

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

hin,,,,,,,,,
bar hma le ma sine bu.

commentinfo By: ei lay at Dec 13, 2011
Comment #2

It’s mine.
Run buddy run.
However great.

commentinfo By: sanday talk at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment