Professional Authors

“ပန်းခေတ်လမင်း”

ကောင်မလေးရေ

ငါက
လရိပ်မှာမှ ခိုချင်တဲ့ကြယ်လို
မင်းရဲ့အဝေး တစ်နေရာကပဲ
မြင်နေခွင့်ရရုံနဲ့သာ ကျေနပ်ခဲ့ရသူ…..

ဒီလိုနဲ့
လမင်းနား နေခွင့်မရှိတဲ့
တစ်ခြမ်းပဲ့ ကြယ်လို
လရောင်ကို ခိုးနမ်းရုံနဲ့ 
လရိပ်သင့် အလွမ်းတွေကို ကုစားခဲ့ရသူ…..

အကယ်၍
မင်းရဲ့အနား
ကဗျာတွေနဲ့ ခစား
ပျော်ရွှင်ခြင်းတို့ ဆောင်ကျဉ်းရင်း
ဖြစ်နိုင်ခဲ့ရင်
မင်းရဲ့ချစ်ခြင်းကို ပိုင်ဆိုင်ခွင့်ရချင်မိသူ

ဒါကြောင့်ဘဲ
ကျောက်ခေတ်၊ ကြေးသွန်းခေတ်
IT ခေတ်တို့ 
ဖြတ်သန်းရင်း
ထူးခြားတောက်ပခြင်းများစွာနဲ့ 
မင်းက
ငါ့အတွက်တော့
ပန်းခေတ်ရဲ့ တစ်စင်းထဲသော
လမင်းလေးဖြစ်ခဲ့တယ်……၊၊ ၊၊          Light….

In: ကဗျာ Posted By: Date: Aug 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment