Professional Authors

လမင်းတစ်စင်း

ကောင်မလေးရေ
ငါက
လရိပ်မှာမှ ခိုချင်တဲ့ ကြယ်လို
မင်းရဲ့ အဝေးတစ်နေရာကပဲ
မြင်နေခွင့်ရရုံနဲ့ ကျေနပ်နေခဲ့ရသူပါ…

လမင်းနားနေခွင့်မရှိတဲ့ 
ကြယ်လို
လရောင်ကိုခိုးနမ်းရုံနဲ့ 
လရိပ်သင့်အလွမ်းတွေကို ကုစားခဲ့ရသူပေါ့…

ဖြစ်နိုင်ရင် မင်းရဲ့ အနား
ကဗျာတွေနဲ့ ခစား
ပျော်ရွင်ခြင်းတို့ ဆောင်ကျဉ်းရင်း
မင်းရဲ့ ချစ်ခြင်းကို ပိုင်ဆိုင်ခွင့်ရချင်မိသူပါ…

ဒီလိုနဲ့ 
ခေတ်အဆက်ဆက် ဖြစ်သန်းရင်း
ထူးခြားတောက်ပခြင်းများစွာနဲ့ 
မင်းက ငါ့အတွက်တော့
တစ်စင်းထဲတော
လမင်းလေး ဖြစ်ခဲ့တယ်…

ခိုင် (09/06/2014 – 10:25AM)

In: ကဗျာ Posted By: Date: Jun 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment