Professional Authors

ငါ့အပြစ်ပါ

အနားမညီ မင်းနဲ့ ငါ့ကို

ညီအောင်လုပ်သူ ငါ့အပြစ်ပါ။………………

သေမင်းကိုခေါ် စစ်မြေပြင်မှာ

တိုက်ချင်မိသူ ငါ့အပြစ်ပါ။………………..

အဆူးမှန်းသိ ပန်းနှင်းဆီမှ

ရှိုက်နမ်းချင်သူ ငါ့အပြစ်ပါ။……………..

နှလုံးသားကို နင်းခြေဖို့ ရန်

ပေးချင်မိသူ ငါ့အပြစ်ပါ။……………….

ရင်ခုန်သံတူ အတွေးစိတ်ကူး

ဘ၀တစ်ခု ငါ့အပြစ်ပါ။………………

အပြစ်ပြောနေ ဒီနှုတ်ဖျားမှ

ချစ်ခင်ကြင်နာ ငါ့အပြစ်ပါ။……………..

ုခွေးနဲ့ နှိုင်းယှဉ် ငါ့ကိုပြောလည်း

စိတ်မနာသူ ငါ့အပြစ်ပါ။……………

                     မိုးကြိုး

In: ကဗျာ Posted By: Date: Sep 10, 2011
Comment #1

အင်း…………..ကွန်မန့်ပေးရင်ရော ငါ့အပြစ်လို့ ပြောဦးမှာလား……….. ကို MC DANGERရေ။

Comment #2

သေချာတာပေါ့………ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ……..
အားပေးသွားပါတယ်။

commentinfo By: pome.poem28 at Sep 10, 2011
Comment #3

ပြောချင်သလိုပြော……….ပေးရမှာပဲ………………… 😛

commentinfo By: May Kha at Sep 10, 2011
Comment #4

အနားမညီ မင်းနဲ့ ငါ့ကို
ညီအောင်လုပ်သူ ငါ့အပြစ်ပါ။ nice 🙂

commentinfo By: rabbit at Sep 10, 2011
Comment #5

ခွေးနဲ့ နှိုင်းယှဉ် ငါ့ကိုပြောလည်း
စိတ်မနာသူ ငါ့အပြစ်ပါ……………
မင်းအပြစ်တွေ များလှပေတယ်…pp
အားပေးသွားပါတယ် မိုးကြိုး…

commentinfo By: ချမ်းငြိမ်းအောင် at Sep 10, 2011
Comment #6

oh,,my god,,,
wow,,,
really really admire ur love.
but,,,
lu ta phat tar ko dot a khu lo myo pat pat sat sat ma hning tint par bu.(ko be lout mone ti p nar kyi nay par say lay)

commentinfo By: ei lay at Sep 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment