Professional Authors

ချစ်သောပန်းကလေး

ချစ်သောပန်းကလေးရေ…
မင်းတိုက်ခတ်တဲ့ လေစိမ်းတွေကြားမှာ
လွမ်းဖျားလည်းဖျားဖူးရဲ့…။

ချစ်သောပန်းကလေးရေ…
မင်းရိုတ်ခတ်တဲ့ အမုန်းလှိုင်းလုံးတွေကြားမှာ
ငါ့နှလုံးသားကျောက်ဆောင်နဲ့
ထမ်းပိုးထားပါရစေ…။

ချစ်သောပန်းကလေးရေ…
မင်းမွှေ့လိုက်တဲ့ မုန်တိုင်းတွေကြားမှာ
လေပြေကိုမျှော်လင့်ရင်း
မျှော်လင့်ခြင်းပန်းတွေ နမ်းမ၀အောင်
ပွင့်လန်းနေပါရစေ…။

ချစ်သောပန်းကလေးရေ…
သင်းပျံ့တဲ့ရနံ ဆွဲငင်တဲ့အလှ
ညှို့ငင်နိုင်တဲ့ မျက်ဝန်းနက်နက်
ပန်းနုရောင်သမ်းနေတဲ့ နှုတ်ခမ်းနှစ်လွှာ
အသံကိုမပြောနဲ့
နာမည်ကြားကတည်းက ငါချစ်တတ်ခဲ့တာ…။

ချစ်သောပန်းကလေးရေ…
သတ်မှတ်ချက်တွေ ပညတ်ချက်တွေကြားမှာ
အလူးအလွန့်ခံစား
ငါ့နှလုံးသားခဗျာ
တမွမွနဲ့ ကြေမွလို့
ပန်းတွေကတောင် အရှုံးပေးရလောက်တဲ့
ပန်းဘုရင်မလေး…။

ချစ်သောပန်းကလေးရေ…
ငါ့ရင်ထဲ့က ငြိမ်းချမ်းရေးပန်းကိုလည်း
လူတကာမြင်အောင် သိမ်းထုပ်
ထာဝရသစ္စာတွေ မာနမျက်နှာတွေနဲ့
ရင်တစ်ခုလုံး ဗြောင်းဆန်
မင်းအကြည့် မင်းအပြုံးတွေအောက်မှာ
ယစ်မူးစွာနဲ့ ငါကျရှုံးခဲ့တယ်
မေတ္တာရှင်ကြီး သစ္စာရှင်ကြီးတဲ့
အသုံးမ၀င်တဲ့ ဘွဲ့ဂုဏ်ထူးတွေနဲ့
ငါ…
လူညံ့တစ်ယောက်ပဲ လုပ်ပါရစေ…။

ချစ်သောပန်းကလေးရေ…
အငြိမ်းချမ်းဆုံး ငါ့ရင်ခွင်မှာ
မှေးစက်ချင် မှေးစက်နိုင်တယ်
အအေးချမ်းဆုံး ငါ့အချစ်တွေနဲ့
ပျော်မွေ့ချင် ပျော်မွေ့နိုင်တယ်
မကြင်နာသူကို မြတ်နိုးမိလို့
စွန့်လွှတ်စိတ်နဲ့ချစ်တတ်ခဲ့ပြီ
အချစ်ခံရဖို့ထက်
ချစ်တတ်အောင်ပဲ သင်ယူခဲ့တဲ့
ငါပါ…။

ချစ်သောပန်းကလေးရေ…
ဖြူစင်လွန်းတဲ့ သမင်မျက်ဝန်း
ကလေးဆန်ဆန်နဲ့ မင်းအမူအရာတွေ
မျက်လုံးထဲကမထွက်တာ
နှလုံးသားထဲမှာသိမ်းရင်း
အိပ်ရာဝင်ခါနီးမှ ထုတ်ထုတ်ကြည့်မိလို့
အိပ်ရေးပျက်ပေါင်းလည်းများလှပါပြီ
မင်းကိုဘယ်လောက်ချစ်တယ်
ဘယ်လောက်ချစ်နိုင်တယ်ဆိုတာ
ကိုယ်တိုင်ပြောရင်တောင်
ယုံပါ့မလား…။

ချစ်သောပန်းကလေးရေ…
ခုခေတ်ကြီးမှာ လျှာဖျားလေးနဲ့
ချစ်တယ်ပြောပြီး
အရောင်းအ၀ယ်ဆန်ဆန်
ရည်းစားဖြစ်ကြသူတွေလည်း
အများကြီးပေါ့…။

ချစ်သောပန်းကလေးရေ…
မင်းကိုတစ်ခုပဲပေးနိုင်တယ်
စစ်မှန်မြင့်မြတ်တဲ့ ချစ်ခြင်းတစ်ခုပေါ့
ကိုယ့်ရင်ခုန်သံတွေကို မကြားချင်ယောင်ပြု
ကိုယ့်ချစ်ခြင်းတွေကို မသိချင်ယောင်ဆောင်နေတဲ့
မြားနတ်မောင်ကိုလည်းစိတ်နာမိတယ်…။

ချစ်သောပန်းကလေးရေ…
မချစ်တတ်သူတွေကြားမှာ
ချစ်မိနေသူတစ်ယောက်
အချစ်ငတ်ပြီး
အားငယ်နေတာမင်းသိရဲ့လား
ကိုယ့်ဘ၀ ကိုယ့်ကမ္ဘာ
အရာအားလုံးနဲ့ ပုံအောပြီး
မင်းအချစ်ကို ရယူချင်တယ်…။

ချစ်သောပန်းကလေးရေ…
အဆုံးစွန်ထိ ပြောပါရစေ
အသည်းကွဲခဲ့ရင်တောင်မှ
မင်းရဲ့ရင်ထဲ တစ်ထောင့်တစ်နေရာလောက်တော့
ကိုယ်ရှိနေချင်တယ်
ငြိမ်းချမ်းရေးပန်းလေး
အအေးချမ်းဆုံးပန်းလေးကို ချစ်မိတဲ့
ပန်းချစ်သူတစ်ယောက်
မင်းရင်ထဲ အရောက်ဝင်ပါရစေ…။

ချစ်သောပန်းကလေးရေ…
ငါ့အချစ်က စိတ်ကူးယဉ်ဆန်ဆန်
ပုံပြင်ဆန်ဆန် မဟုတ်တာတော့
ပန်းလေးယုံအောင် ဘယ်လိုပြောရမလဲ
တွေ့မှယုံမယ် မသတ်မှတ်ပါနဲ့
ယုံမှတွေ့မယ့် အရာတွေထဲမှာ
ကိုယ့်အချစ်လည်းပါဝင်လေရဲ့…။

ချစ်သောပန်းကလေးရေ…
မင်းအနားမှာ
အရိပ်ကလေးတစ်ခုလိုကပ်နေချင်တယ်
ဒါပေမယ့်
အနီးဆုံးမှာရှိနေတာတောင်
အဝေးဆုံးကို ထွက်ပြေးချင်တဲ့
ကိုယ့်ခြေထောက်တွေကိုယ်
ရိုက်ချိုးပစ်ချင်တယ်…။

ချစ်သောပန်းကလေးရေ…
ပန်းချစ်သူဆိုတဲ့ ကိုယ်က
သူရဲဘောကြောင်သူတစ်ယောက်ပါ
တကယ်တော့ ကိုယ်ဟာ
အသည်းကွဲဖို့ ရာခိုင်နှုန်းများတဲ့
အချစ်ပွဲကိုမှ ၀င်နွှဲချင်သူပါ
ပန်းဘုရင်မလေး လက်အောက်
ပန်းချစ်သူတစ်ယောက်
ပန်းကောက်ဖို့ လှမ်းခဲ့မယ်…။

ချစ်သောပန်းကလေးရေ…
သောကတွေ ကင်းဝေးနိုင်ပါစေ
ပန်းချစ်သူရဲ့
နုနယ်တဲ့ နှလုံးသားမှာ
ခဆင်းနေတဲ့ မေတ္တာတွေ
ရေ ကြည်တစ်ပေါက်ထက်ကြည်လင်အေးမြတယ်…။

ဇင်သော့

In: ကဗျာ Posted By: Date: Aug 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment