Professional Authors

စိတ်အရောင်ပြောင်းခြင်း…..

ကောင်းကင်ကြီးက တနေ့ဘယ်နှစ်ခါ..
အရောင်ပြောင်းလဲသလို..
စိတ်တွေကလည်း ပြောင်းလဲနှိုင်တာဘဲ..
ပြောင်းလဲခံစားတဲ့ စိတ်အပေါ်ကိုလိုက်ပြီး..
ခေါင်းစဉ်မျိုးစုံတပ်လို့ပြောင်းလဲကြတယ်..
လူတွေရဲ့စိတ်ဟာလေ…ရောင်စုံသက်တန့်လိုဘဲ…
တခါတလေ အရောင်တွေစုံတာတွေ့ရတယ်..
ငါကတော့ သက်တန့်ကို မကြိုက်ဘူး..
အရောင်စုံတယ်..ပြောင်းလဲတာမြန်လို့…
ဖြူနေတဲ့ကောင်းကင်လို စိတ်တွေကိုကြိုက်တာ..
ငါ့စိတ်ကလည်း အဲ့ဒီလိုဘဲလေ…..
အတပ်နှိုင်ဆုံးဖြူအောင်ထားပါတယ်..
ဒါကြောင့်ဖြူစင်တဲ့အရောင်အဖြူကိုလည်းမြတ်နိုးတယ်…
ငါတို့တွေဟာ ကောင်းကင်အမိုးအောက်မှာ ..
အတူနေကြရပါတယ်…ကြည်နူးရတယ်လေ..
နှစ်သက်မိပါတယ်..ကျေနပ်နေပါတယ်..
ကောင်းကင်အမိုးအောက်မှာအတူရှိနေကြပေမဲ့..
စိတ်တွေကတော့ အရောင်စုံနေတာဘဲ….
အရောင်စုံစိတ်တွေက တခါတရံခေါင်းစဉ်ပြောင်းသွားတပ်တယ်…
ခံစားမှု့တခုကြောင့်တော့ဖြစ်မယ်..ဒါပေမဲ့ ..
နားလည်မှု့ရှိတဲ့သူတွေအတွက်ကတော့ မပြောင်းလဲဘူးထင်တယ်…
လောကကြီးမှာကတော့ပြောင်းလဲတာတွေမြန်တယ်တပ်ကြတာပါဘဲ…
အင်းလေဘာဘဲဖြစ်ဖြစ်ပါ…ပြောင်းလဲခြင်းများတဲ့လောကကြီးထဲကငါတော့..
ဖြူစင်စွာနဲ့ နားလည်မှု့ပေါင်းများစွာကို ရင်မှာသိမ်းပြီး..
ပြောင်းလဲတဲ့လောကကြီးထဲမှာ ဆက်လက်အသက်ရှင်နေမယ်…
ရင်မောနေရင်းနဲ့ဘဲအတွေးပေါင်းများစွာနဲ့….
ကောင်းကင်ကြီးကိုငေးကြည့်နေမိရင်း
ညအမှောင်ကိုရောက်ရှိလာပြီး
ကြယ်လေးတွေဟာတဖြုတ်ဖြုတ်ကြွေတယ်
 ညဟာပိုမိုနက်ရှိုင်းလာတယ်….
အနက်ရောင်အမှောင်ထုကို
မနှစ်သက်ပေမယ့် လောကသဘာဝအရ
ထိတွေ့လက်ခံနေခဲ့ရတဲ့အချိန်မှာ
ငါ့စိတ်နှလုံးသားဟာ စူးရှနာကျင်စွာခံစားခဲ့ရပါတယ်..တခါတလေပေါ့…
ကြယ်လေးတွေမကြွေကျဘဲ..
အမှောင်ထုတွေအမြန်ကွယ်ပျောက်ပြီး..
ဖြူစင်တဲ့အလင်းတန်းကိုပဲ..
မြင်တွေ့ခွင့် ရရှိပါစေလို့..
ကြယ်လေးတွေကြွေကျတာမြင်မိတဲ့ခဏ..
ဆုတောင်းနေမိတယ်…
ငါတော့လေ…
ခေါင်းစဉ်ပြောင်းလဲနှိုင်တယ်..
လူတွေပြောင်းလဲနိုင်တယ်
မြို့တွေ ယဉ်ကျေးမှု့တွေ
သိပ္ပံပညာတွေ အတွေးအခေါ်တွေ
ရာသီဥတုတွေ နိုင်ငံရေးတွေ
စကားလုံးတွေ ၀ိညာဉ်တွေပြောင်းလဲသွားတယ်..
ငါ့အတွက်လည်း ပြောင်းလဲခြင်းတွေ..တွေ့တယ်..
ကမ္ဘာကြီးကပြောင်းလဲသွားတယ်
ငါ့ကိုကတိပေးပါ လား…

ဖြူစင်တဲ့ ငါ့တို့စိတ်နှလုံးသားကို

ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
အရောင်မပြောင်းလဲဘူးလို့နော်..
ဘယ်လိုလည်း ဖြစ်ပါ့မလား…
ငါဖက်ကတော့ မပြောင်းလဲပါ….

In: ကဗျာ Posted By: Date: Aug 27, 2012
Comment #1

so touching,,
😛

lat shi a chain hmar be lout pe way nay par say pop,,,
kaung kin g ye 1 moe out hmar tu tu shi nay ya de a ti ka,,,,
a khat a khe tway arr lone ko yin sine phoe kun arr tway phyit lar de.

commentinfo By: ei lay at Aug 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment