Professional Authors

“တစ်ဝက်တစ် ပျက်မှတ်တမ်း” (ဂျစ်တူး)

ူတစ်ဝက်တစ် ပျက်မှတ်တမ်း

*** တစ်ဝက်တစ် ပျက် မှတ်တမ်း***

မပြိုလဲချင်ဘူး ဆိုပေမယ့်

ဘ၀က မာတိကာမှာတင်

ချဉ်တူးစော် နံတယ် ။

ကောင်မလေးရယ် … …

“တချွင်ချွင်” အသံတွက်မှ

ဝါကျဖွဲ့ခွင့် ရမယ်ဆိုရင်

ငါက စာသားမရှိတဲ့ကောင်ပါ ။

အ၀ါရောင် တောက်ပမှုတွေသာ

ကြီးစိုးခွင့်ရတဲ့ နင်တို့ရဲ့

ဘောဂဗေဒ ဇယားချပ်မှာ

ငါလို မှုန်ပြပြမီးတစ်ပွင့်

ခြေချခွင့် တောင်မရှိပါဘူးကွယ် ။

ဒါပေမယ့် နင့်ဘ၀ ထောင့်ချိုးမှာ

တစ်စိတ်တစ်ဒေသ အမှောင်ကျတဲ့အခါ

ပြာလဲ့ဖျော့အေး ခဏလေးတော့

အလင်းဝေပေးချင်ပါသေးရဲ့ … …

ဒီလို မ၀ံ့မရဲသီကျူးတဲ့ သီချင်း

လှောင်ရယ်သံတွေ ‘၀င်း’ ခနဲပါပဲ

အချစ်ရယ် … ပေါင်မုန့်တစ်လုံးရယ် …

ဝိုင်တစ်ခွက်ရယ် …

အိုမာခရမ်ကတော့ပြည့်စုံတယ်တဲ့ …

ရှိပါစေတော့ကွယ်… ရှိ …ပါ…စေ…တော့

‘အချစ်’ ဆိုတာ …နားထောင်ကောင်းရုံ

ညာပြောလို့ရတဲ့ အိပ်ယာဝင်ပုံပြင်မှ

မဟုတ်ခဲ့တာ … …. ။ ။

ဂျစ်တူး (ထားဝယ်) 

In: ကဗျာ Posted By: Date: Aug 25, 2012
Comment #1

:$
:$
:$

commentinfo By: ei lay at Aug 25, 2012
Comment #2

ဒါပေမယ့် နင့်ဘ၀ ထောင့်ချိုးမှာ
တစ်စိတ်တစ်ဒေသ အမှောင်ကျတဲ့အခါ
ပြာလဲ့ဖျော့အေး ခဏလေးတော့
အလင်းဝေပေးချင်ပါသေးရဲ့ … …

ခံစားအားပေးသွားပါတယ်…

commentinfo By: moezat at Aug 26, 2012
Comment #3

ကိုဂျစ်တူး…တစ်ပုဒ်လုံး…အရေးအသားနဲ့အယူအဆလေးတွေတကယ်ကောင်းတယ်ဗျာ…..
..ကဗျာတစ်ပုဒ်လုံး..ကြိုက်တယ်..အကို

commentinfo By: poem.poem28 at Aug 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment