Professional Authors

တိမ်ခိုးစိမ်းစိမ်း

ရေရေရာရာ ပြောမပြတတ်တဲ့အချစ်ကို
ပုံပန်းသဏ္ဍာန်မဲ့ မျှော်လင့်ချက်တွေနဲ့ 
အချိန်တွေပေါ်ထိုင်ပြီး
………………လွမ်း

ကမ်းကပ်ဖို့ ဝေဝါး
မျက်ဝန်းတွေ မြူဆိုင်းနေလို့ ထင့်
အချစ်ကတော့ မထိုင်းမှိုင်းလောက်တာမို့ 

ဆူးသခင်မလေးရေ….
သေချာတဲ့လက်တကမ်းမှာ
ရှည်ကြာခဲ့တဲ့ အလွမ်းတွေ
ဖြေဖျောက်လွင့်ပျယ်ခွင့်ပြုပါ….

In: ကဗျာ Posted By: Date: Aug 27, 2010
Comment #1

အဆွေးဓာတ်ခံရှိလို့လားတော့မသိဘူး…အလွမ်းကဗျာတွေဆိုကြိုက်မိတယ်
ဒီကဗျာကိုဖတ်လိုက်တော့ရင်ထဲမှာတစ်မျိုးလေးဖြစ်သွားတယ်…..ခံစားလိုက်ရတယ်ပေါ့….အရမ်းကောင်းတယ်

commentinfo By: aster at Sep 9, 2010
Comment #2

ကျေးဇူးတင်ပါတယ်

commentinfo By: ကိုဇင် at Sep 9, 2010
Comment #3

ဆူးသခင်မလေးရေ….
သေချာတဲ့လက်တကမ်းမှာ
ရှည်ကြာခဲ့တဲ့ အလွမ်းတွေ
ဖြေဖျောက်လွင့်ပျယ်ခွင့်ပြုပါ….
Good brother 🙂

commentinfo By: မုဆိုး at Nov 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment