Professional Authors

မျှော်လင့်မိသူ

ငါကတော့
မင်းအပြုံးမှာ ကျရှုံးမိသူ
မင်းအကြည့်မှာ ရင်ခုန်မိသူ
မင်းမျက်ဝန်းမှာ နစ်မွန်းခဲ့သူ
မင်းအသံကို အမြဲ ကြားချင်နေမိသူ
မင်းရဲ့ဂရုစိုက်မှုကို မက်မောမိသူ
မင်းကို
တစ်ဖက်သတ်ချစ်နေမိသူ……..

မင်းကတော့
ငါ့ရဲ့ရင်ခုန်သံတွေ မကြားခဲ့ဘူး
ငါ့ရဲ့မျက်ဝန်းတွေ မဖတ်တတ်ခဲ့ဘူး
ငါ့ရဲ့အသံကို နားဝင်မချိုခဲ့ဘူး
ငါ့ကို
သူစိမ်းတစ်ယောက်ထက် မင်းမပိုခဲ့ဘူး…….

ဒီလိုဆန့်ကျင်ဖက်အဖြစ်တွေကြားမှာလည်း
မျှော်လင့်ချက်ဆိုတာ ရှိနေသ၍
ငါ့နှလုံးသားလေးကတော့
မင်းအတွက်ဆိုရင် ခုန်နေအုံးမှာပါ….

(အချစ်မှာ နာကျင်ခဲ့ဖူးသူ)

In: ကဗျာ Posted By: Date: Apr 3, 2012
Comment #1

မင်းအပြုံးမှာ ကျရှုံးမိသူ
မင်းအကြည့်မှာ ရင်ခုန်မိသူ
မင်းမျက်ဝန်းမှာ နစ်မွန်းခဲ့သူ
မင်းအသံကို အမြဲ ကြားချင်နေမိသူ
မင်းရဲ့ဂရုစိုက်မှုကို မက်မောမိသူ
မင်းကို
တစ်ဖက်သတ်ချစ်နေမိသူ…

commentinfo By: ကံ့ကော်မောင် at Apr 3, 2012
Comment #2

မျှော်လင့်ချက်တွေ…တစ်နေ့တော့ဖြစ်လာမှာပေါ့.ဗျာ
ဖြစ်လာပါစေလို့လဲ ဆုတောင်းပေးသွားပါတယ်

commentinfo By: poem.poem28 at Apr 4, 2012
Comment #3

Thanks everyone … 🙂

commentinfo By: Myat Noe at Apr 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment