Professional Authors

မီးလောင်တစပြင်

တရွေ့ရွေ့ခရီးဆက်နေတဲ့
နေ့ရက်တွေဆီသို့
အမှိလျှောက်လှမ်းရင်း
အလွမ်းဒါဏ်ရာတွေကို
သီကြူးဖွင့်ဟမိပြနိတယ် ။
အလွမ်းတွေကို
ပန်းတွေလိုသီရင်း
အနမ်းတွေကို
လွမ်းနေတဲံ့လူတစ်ယောက်
လျှောက်လှမ်းမိတဲ့ခြေလှမ်တိုင်း
အလွမ်းလှိုင်းတွေနဲ့
ဦးတည်နေတာက
နေရာဟောင်းဆီသို့ပါတဲ့ ။
အဝေးကိုပြေး၍အှေဆွးတွေပေး
အတွေးတွေနဲ့ငေးရအောင်
သယ်ဆောင်လာတဲ့အလွမ်း
တမ်းတမိတဲ့ပုံရိပ်တစ်ချပ်
ငါ့ရင်တွင်းကိုထိုးနှက်ခဲ့ပြီပေါ့ ။
မင်းအိပ်စက်ဖူးတဲ့ငါ့ရင်ခွင်မှာ
ပဲ့တင်ထပ်ခဲ့ချစ်စကား
သိမ်လို့ထားခဲ့မိပြီပေါ့ ။
အခုတော့
မီးလောင်တစပြင်
ငါ့ရင်ခွင်ပဲပေါ့ ။ ။

In: ကဗျာ Posted By: Date: Sep 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment