Professional Authors

အမြင်ကတ်တယ် ( sharon )

အသားကျပြီးသား ဘဝ မှန်း သိပါတယ်
မျက်ရည်တွေအတွက်နေရာမရှိဘူးလို့ 
ဟိုး……. တစ်ချိန်ကတော့ပေါ့
ငါ့ဘဝမှာ
တဘဝစာဒဏ်ရာတွေ
မိုးရွာတဲ့နေ့ တစ်နေ့ မှာ
 လုံလောက်သွားခဲ့တာ….
၃၆၅ ရက်နှင့်  ၄၅ မိနစ်တိတိ ကြာခဲ့တဲ့ အိပ်မက်ဟာ..
မင်းရဲ့အမုန်းနေ့ စွဲတွေဖြစ်သွားတယ်တဲ့ လား
မုန်းတယ်…..
ငါ့ကိုယ်ငါထက် မင်းကိုပိုချစ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်
မင်းမျက်လွှာလေးတစ်ချက် အပင့် မှာ တောင်ရင်ဘတ်အောင့်နေ မိတတ်တဲ့  ငါ့ အချစ်ကို မုန်းတယ်
 ပြန်လွမ်းရမယ့်နေ့ စွဲလေးတွေကိုလဲ မုန်းတယ်
နေရာတကာ ဖြစ်တည်မှုကြောင့် လို့  စွပ်စွဲတတ်တဲ့ လူတွေကိုလဲ မုန်းတယ်
ရိုးသား မှုတစ်ခုလေး အတွက်နဲ့ 
မင်းကိုလမ်းခွဲ ဖို့ ကြိုးစားမိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်
အဖြူရောင်တွေချည်းပဲ….
လမ်းတွေကတော့ ကောက်ကွေ့ လွန်းတယ်
 ခမ်းနားလွန်းတဲ့  မင်းဘဝရှေ့ ကို တိုးဝင်ဖို့ ခြေလှမ်းတွေပြင်မိတိုင်း
 သိမ်ငယ်စိတ်နဲ့ 
 ငါ့ ရင် တဖုတ်ဖုတ်ကြွေတယ်
 အဲဒီတော့
အဲဒီလောက်တောင်
 မင်းကိုတန်ဖိုးထား ချစ်နေမိတဲ့ 
 ငါ့ အချစ် ကို ငါ
 အမြင်ကတ်တယ်…..

 

 

In: ကဗျာ Posted By: Date: Jun 8, 2011
Comment #1

အရမ်း….ကောင်းပါတယ်
ခံစားချက်တွေထင်တယ်….
အားပေးသွားပါတယ်.။

commentinfo By: poem.poem28 at Jun 8, 2011
Comment #2

မင်းကိုတန်ဖိုးထား ချစ်နေမိတဲ့ 
ငါ့ အချစ် ကို ငါ
အမြင်ကတ်တယ်…..။
အားပေးပါတယ်.။။

Comment #3

အားပေးတာကို ..ကျေးဇူးအထူး ပါ
ကိုယ်ပိုင်ခံစားချက်မဟုတ်ပါဘူး
ကောက်ရတဲ့ အိပ်မက် အပိုင်းအစလေးပါ 🙂

commentinfo By: sharon myorr myor at Jun 19, 2011
Comment #4

ကျေးဇူးပဲ
ကိုဇော်သက်ဥိး ရေ ကျေးကျေး

commentinfo By: sharon myorr myor at Sep 26, 2011
Comment #5

ငါ့ကိုယ်ငါထက် မင်းကိုပိုချစ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်
မင်းမျက်လွှာလေးတစ်ချက် အပင့် မှာ တောင်ရင်ဘတ်အောင့်နေ မိတတ်တဲ့  ငါ့ အချစ်ကို မုန်းတယ်
 ပြန်လွမ်းရမယ့်နေ့ စွဲလေးတွေကိုလဲ မုန်းတယ်
နေရာတကာ ဖြစ်တည်မှုကြောင့် လို့  စွပ်စွဲတတ်တဲ့ လူတွေကိုလဲ မုန်းတယ်
ရိုးသားမှုတစ်ခုလေး အတွက်နဲ့ 
မင်းကိုလမ်းခွဲ ဖို့ ကြိုးစားမိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်”

Love it !!!

commentinfo By: Mike.aung at Sep 30, 2011
Comment #6

အမြင် ကပ်သင့်တယ် ..:P
လုလင် အားပေးသွားပါတယ်

Comment #7

ဟုတ်တယ် ကိုလုလင်ရေ
အမြင်ကတ်သထက်ကတ် နေမိတယ် ကိုယ့်ကိုယ်ကို..ဟိဟိ
ဒါနဲ့ ကိုမိုက်အောင်ရေ
ကျေးဇူးဗျာ
ကျေးဇူးဗျ 🙂

commentinfo By: sharon myorr myor at Oct 20, 2011
Comment #8

kaung de,,mone.
lan kwe phoe kyoe sar de so loh a pyit pay tar.
he,,he,,

commentinfo By: ei lay at Nov 6, 2011
Comment #9

မင်းမျက်လွှာလေးတစ်ချက် အပင့်မှာ တောင်ရင်ဘတ်အောင့်နေ မိတတ်တဲ့ ငါ့ အချစ်ကို မုန်းတယ်
ဒါပေါ့ အဲ့လောက်တောင်ဖြစ်နေမှတော့ မုန်းရုံတင်မဟုတ်ဘူး သတ်တောင်သတ်ပစ်သင့်တယ် (နောက်တာပါ)
ကဗျာလေး တကယ် တကယ် တကယ်ကြီးကို မိုက်တယ်ဗျ
စကားလုံးသုံးနှုန်းထားတာတွေ ရေလည်နပ်တယ်
အားပေးသွားပါကြောင်း ~~

commentinfo By: X - ray at Nov 20, 2011
Comment #10

so nice,
with lots of love

commentinfo By: ei lay at Nov 21, 2011
Comment #11

အားပေးသူကိုကိုမမများ….
ဆရာသမားများ..
ကျေးဇူးအထူးတင်ရှိပါကြောင်း…
အကြံညဏ်များပေးစေလိုကြောင်းးး

commentinfo By: sharon myorr myor at Nov 21, 2011
Comment #12

ma myor,,,,
gone u tint nay p nawwwwwwwwwwww
ha,,,,,,,,ha,,,,,,,,,,,,
a khu lo a chit myo ka shar par kone kwa,,,.

commentinfo By: ei lay at Jan 4, 2012
Comment #13

အိပြောမှ..မျောစဉ်းစားမိတယ်
ဟုတ်ပါ့.. 🙂
အဲလောက်တောင်ချစ်နေမှတော့..အမြင်ကတ်ချင်စရာပဲကွာ..နော့ 
hak hak hak
u r right ei !
i gree with u !

commentinfo By: sharon myorr myor at Jan 4, 2012
Comment #14

he,,he,,
hote de,,
thu myar tway a myin kat lout aung ko chit pyit like tar.

commentinfo By: ei lay at Jan 9, 2012
Comment #15

feel again,
😛

commentinfo By: ei lay at Jul 29, 2012
Comment #16

🙂

commentinfo By: sharon myorr myor at Jul 29, 2012
Comment #17

A Myin Kat de.
Hint,,
😛

commentinfo By: ei lay at Dec 23, 2012
Comment #18

🙂
Ever make me smile.

commentinfo By: ei lay at Sep 24, 2013
Comment #19

မုန်းတယ်…..
ငါ့ကိုယ်ငါထက် မင်းကိုပိုချစ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်
မင်းမျက်လွှာလေးတစ်ချက် အပင့် မှာ တောင်ရင်ဘတ်အောင့်နေ မိတတ်တဲ့  ငါ့ အချစ်ကို မုန်းတယ်

မင်းကိုတန်ဖိုးထား ချစ်နေမိတဲ့ 
ငါ့ အချစ် ကို ငါ
အမြင်ကတ်တယ်…..

commentinfo By: ei lay at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment