Professional Authors

ပေါက်ကွဲဖို့ သူရဲဘောကြောင်နေတဲ့မီးတောင် (terry)

အရိုးရှင်းဆုံး မျက်ဝန်းတစ်စုံနဲ့
ငါ့ရင်ကို အဆန်းပြားဆုံး
ရင်ခုန်သံတွေ ဖူးပွင့်စေခဲ့သူ
အခုထိ ငါ့ကိုယ်ငါ
အိပ်မက်တစ်ခုလိုပဲ ထင်နေမိတယ်။

နင့်နှုတ်ခမ်းထောင့်စွန်းလေး
မသိမသာအောက်ကိုကွေးသွားမှာကို
အိပ်မက်ထဲမှာတောင်
မတွေးရဲခဲ့သူပါ။

ပြေးကြည့်ချင်ပေမယ့်
တွေးကြည့်လို့ပဲရတဲ့
အခြေအနေမို့
နင်နဲ့ပတ်သတ်မှ
စက္ကန့်တံတွေကို ငါမုန်းမိနေပြီ။

မျက်ဝန်းချင်းအဆုံမှာ
ယိုင်ယိုင်ထွက်သွားတဲ့
ငါ့စိတ်ကိုငါလိုက်ဖမ်းရင်း
ပျော်နေတတ်တာမို့
နင်ဟာ…
အဆိပ်တစ်ခွက်ဆိုရင်တောင်
မျက်တောင်တစ်ချက်မခတ်ပဲ
သောက်သုံးဝံ့ခဲ့ပြီ။
နင်နားလည်ပါတော့ ချစ်သူ……….။

                                                   terry (vzo မှ ကောင်မလေးသို့)

In: ကဗျာ Posted By: Date: Aug 26, 2010
Comment #1

ကဗျာလေးကိုလဲ..vzo ကကောင်မလေးသိအောင် သူ့.တွက်ရေးထားတယ်ဆိုတာ ပြောပြလိုက်ပါအုံးနော်.. 🙂

commentinfo By: Shwe Ngar at Aug 26, 2010
Comment #2

hee hee
သူတော့မသိဘူး ကိုယ့်ကဗျာကို
ကိုယ့်ဘာသာကိုယ်တောင်
ပြန်ကြိုက်နေတယ်။

commentinfo By: terry at Aug 27, 2010
Comment #3

ကောင်မလေးလဲကြိုက်မှာပါရှင်.. 😀

commentinfo By: Shwe Ngar at Aug 27, 2010
Comment #4

ကြိုက်ချင်းမကြိုက်ချင်းအရဲ့အဆုံးမှာ
ငါတစ်ဖက်သက်ကျရှုံးနေမှာ (မဟုတ်သလို)
ဘယ်လိုအမုန်းတွေနဲ့ တုန့် ပြန်လာသည့်တိုင်
မယိမ်းမယိုင် အလွမ်းတွေပေါ်
ငါ…..
ဆက်ထိုင်ငေးနေမယ့်
ဒီ………..ေ…က…ာ…င…်

commentinfo By: Mickey at Aug 28, 2010
Comment #5

So so so so so Nice 🙂

commentinfo By: Moe Sat Oo at Mar 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment