မျှော်လင့်ခြင်း ၀န်ရိုးစွန်းဆီသို့ လည်ပြန်ငေးကြည့်ခြင်း…. (Terry)
ရယ်သံချိုတွေ ခမ်းခြောက်
အတိတ်က အိမ်မက်တစ်ခုဟာ
ရွှေရောင်လွှမ်းတဲ့နေ့
မဟုတ်ဘူးဆိုတာ
အစောကြီးကထဲက ငါသိသင့်တယ်။
ပေါက်ကွဲနေတဲ့
ရင်ခုန်သံ သံစဉ်တစ်ခုကို ခင်းကျင်း
ငါ့အလွမ်းတွေ သွေးချေဥအောင်
နင်ဘာလို့ပြုစားနိုင်ခဲ့တာလဲ။
ဘာမှမရှိတဲ့
ကောင်းကင်ကြီးကို
ငေးကြည့်ရသလိုမျိုး
ငါ့နှလုံးသား ဗလာဟင်းလင်းဖြစ်နေတာ
တော်တော်ကြာပြီ
မှတ်မိသလောက်ပြောရမယ်ဆို
တိမ်တွေငိုတဲ့နေ့ကတဲကပေါ့။
အာရုဏ်ဦးကို
မြင်ချင်လို့
လောကဓံ အမှောင်ထဲမှာ
လက်ချိုးရေရင်း
စောင့်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့
ခံစားချက်ကို
နင်ဘယ်တော့မှ သိနိုင်မှာလဲ။
ရှုးသွပ်တဲ့သူက
အမှားလား
ရှုးအောင်လုပ်တဲ့သူက
အမှားလား
တကယ်ဆိုရင်…..
ရေအိုးက ရေမဖြည့်ဘဲ
ရေမပြည့်ဘူး။
ရင်နဲ့ရင်းပြီး
တည်ဆောက်ခဲ့တဲ့
ငါ့အိမ်မက်ကို
မဖြစ်နိုင်တော့ဘူးဆိုတဲ့
စကားတစ်ခွန်းတည်းနဲ့
သေမိန့်ချခဲ့သူ …..
ယုံကြည်မှုတွေတိမ်းစောင်းလို့
နင်နဲ့ငါဟာ
ကမ္ဘာဦးတည်းက
လှေမှောက်ခဲ့တဲ့သူတွေပါ… ချစ်သူ။
(Terry)
Comment #5
nice
Comment #6
ကမ္ဘာဦးတည်းက
လှေမှောက်ခဲ့တဲ့သူတွေပါ… ချစ်သူ။
ဘုရား …ဘုရား ……
ဘယ်လို ခေါင်းမျိုးမို့ ဒီလောက်လှတဲ့ အတွေး အရေးလေး ကို တွေ ကို တွေးမိရတာလဲ တယ်ရီလေးရာ
အစ် မက တော့ရူးတော့မယ် နင့် ကဗျာလိုက် ငမ်းနေရတာ
Comment #8
စကားတစ်ခွန်းတည်းနဲ့
သေမိန့်ချခဲ့သူ …..
ယုံကြည်မှုတွေတိမ်းစောင်းလို့
နင်နဲ့ငါဟာ
ကမ္ဘာဦးတည်းက
လှေမှောက်ခဲ့တဲ့သူတွေပါ… ချစ်သူ။
ဟ ကောင်လေး တယ်ဟုတ်ပါလားကွ။ သိပ်ကောင်းတယ် ကဗျာက။ ငါ့မြို့တော်မှာကျ လာတင်ဘူးဗျာ။ အဲဒါ တခုတော့ စိတ်ဆိုးတယ်ဟေ့။ =)
Comment #9
really nice
Comment #10
100% agree.
Comment #11
အရေးအသားတွေကို လေးစား အားပေးလျက်ပါ ကိုတယ်ရီ..
Comment #1
ဆောင်းည
လရောင်သန်းသန်း
ဆောင်းညချမ်းဝယ်
ငယ်ကျွမ်းသူကို လွမ်းမိတယ်….။