Professional Authors
အတ္တတွေဖိတ်ကြားတဲ့ညစာစားပွဲ (terry)
မေ့လိုက်ပါတော့………။
စစ်ပြီးတာသေချာမှ
မြှားကုန်ခဲ့သူပါ………..။
မုန်းသွားတာထက်စာရင်
မချစ်နိုင်တော့ဘူးလို့ ပြောတာက
ပိုခံသာပါတယ်။
ပထမအကြိမ်က နင့်အပြစ်
ဒုတိယအကြိမ်က ငါ့အပြစ်
တတိယအကြိမ်ကိုတော့
လူသုံးများတဲ့စကား
ကံကြမ္မာမှားတယ်လို့ ပဲ
စာတန်းထိုးပါရစေ………..။
ဒဏ်ရာကိုကချိုတာလား……
နာကျင်မှန်းသိပေမယ့်
ထိထိကြည့်မိနေတာ
ကြာလာတော့
ငါ့နှလုံးသားလည်း
လက်ယောင်လိုက်လာတယ်…….။
အချစ်ကလူတစ်ယောက်ကို
နှစ်မျိုးပြောင်းလဲစေတယ်။
အနူးညံ့ဆုံးနဲ့ အကြမ်းတမ်းဆုံးအဖြစ်။
ဘာမှမရှိတဲ့ငါ့ခွက်ထဲကို
နင်ပဲ………..
နှစ်မျိုးလုံးရောစပ်ထည့်ခဲ့တယ်…….။
အချစ်ဆိုတာထုံဆေးလိုပဲ
သူဝင်သွားတာနဲ့ 
နာကျင်မှု့နဲ့ဝမ်းနည်းစရာ
အလိုလိုပျောက်ကွယ်သွားတယ်တဲ့……
နင်မမှားပါဘူး…………
ထုံဆေးနဲ့ မေ့ဆေးရဲ့
ကွာဟချက်ကို
နင်သတိလပ်သွားရုံလေးပါပဲ။
အိပ်မက်က
အိပ်မက်မှာပဲရှိတယ်….
ငါဆိုတာမရှိပဲ
ပြီးပြည့်စုံတာသေချာရင်
ဆုတောင်းတချို့တော့
ငါ့အချစ်စစ်ခဲ့ပါလျှင်
ငါ့အပေါ်မပြောတတ်ခဲ့သော
စကားများ……..
အခြားသူအပေါ်ပြောထွက်နိုင်ပါစေ။
ငါ့မေတ္တာမှန်ခဲ့ပါလျှင်
ငါ့အပေါ်မပေးအပ်ခဲ့သော
အချိန်များ………..
အခြားသူအတွက်
အမြဲမပြတ် အားလပ်နိုင်ပါစေ။
ငါ့သစ္စာစကား
အမှန်များခဲ့လျှင်………
သိတတ်နားလည်သည့်အချိန်
နောင်တတရားအား
အမှောင်ချထား၍
မကြောင့်မကြပဲ ထိုင်ဟားနိုင်ပါစေ။
တကယ်ကို
စစ်ပြီးတာသေချာမှ
မြှားကုန်သွားသွားတာပါ……
မေ့လိုက်ပါတော့ကွယ်…………………။
                                                           terry(24.6.2011) 10:30 pm
                                                           [email protected]
In: ကဗျာ Posted By: Date: Jun 25, 2011
Comment #1
ငါ့အချစ်စစ်ခဲ့ပါလျှင်
ငါ့အပေါ်မပြောတတ်ခဲ့သော
စကားများ……..
အခြားသူအပေါ်ပြောထွက်နိုင်ပါစေ။
ငါ့မေတ္တာမှန်ခဲ့ပါလျှင်
ငါ့အပေါ်မပေးအပ်ခဲ့သော
အချိန်များ………..
အခြားသူအတွက်
အမြဲမပြတ် အားလပ်နိုင်ပါစေ။
ကိုတယ်၇ီအားပေးသွားပါတယ်။
commentinfo By: poem.poem28 at Jun 25, 2011
Comment #2
ကဗျာတစ်ပုဒ်လုံးကြိုက်တယ်
အားပေးနေပါတယ် …
commentinfo By: ငယ်လေး at Jun 25, 2011
Comment #3
ငါ့မေတ္တာမှန်ခဲ့ပါလျှင်
ငါ့အပေါ်မပေးအပ်ခဲ့သော
အချိန်များ………..
အခြားသူအတွက်
အမြဲမပြတ် အားလပ်နိုင်ပါစေ။
အားပေးခဲ့တယ်… ကောင်းတယ်ဆိုတာထက်ပိုပါတယ်
commentinfo By: May Kha at Jun 25, 2011
Comment #4
တစ်ပုဒ်လုံးကိုကြိုက်တယ်ဗျာ အားပေးနေပါတယ် ကိုတယ်ရီ
commentinfo By: မိုးသစ်လေပြေ at Jun 25, 2011
Comment #5
အချစ်ကလူတစ်ယောက်ကို
နှစ်မျိုးပြောင်းလဲစေတယ်။
အနူးညံ့ဆုံးနဲ့ အကြမ်းတမ်းဆုံးအဖြစ်။
ဘာမှမရှိတဲ့ငါ့ခွက်ထဲကို
နင်ပဲ………..
နှစ်မျိုးလုံးရောစပ်ထည့်ခဲ့တယ်…….။
Comment #6
အားပေးသွားတယ် ကို terry .။
Comment #7
ဒဏ်ရာကိုကချိုတာလား……
နာကျင်မှန်းသိပေမယ့်
ထိထိကြည့်မိနေတာ
ကြာလာတော့
ငါ့နှလုံးသားလည်း
လက်ယောင်လိုက်လာတယ်…….။
မိုက်တယ်ဗျာ..လိုက်မမှီတော့ဘူး….
commentinfo By: အသဲကွဲမိုး at Jun 26, 2011
Comment #8
ကျေးဇူးကမ္ဘာပါ……အားပေးနေတဲ့မောင်နှမတွေအားလုံးကို…….။ 😀
commentinfo By: terry at Jun 28, 2011
Comment #9
kwat ti pe,,,
superrrrrrrrrrrrrrr likeeeeeeeeeeeeeeeeeee
commentinfo By: ei lay at Jan 1, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment