Professional Authors

အာရုံနံပါတ် ( ၆ ) (terry)

ကြိုတင်ကြံစည်မှုတစ်ခုပါပဲ
ဆွဲမိဆွဲရာ
နိစ္စဓူဝတွေနာဖျားဆဲ…
ရိက္ခာဆိုလို့ 
မပြည့်စုံခြင်းပဲလုံလုံလောက်လောက်ပါတယ်

အဝေးကြီးတွေဆီ
လှမ်းလှမ်းတံခါးခေါက်ရင်း
နီးနီးလေးတွေ
တစ်လှမ်းခြင်းကျန်ခဲ့
ဒါပါပဲ…..
ကိုယ့်ဒဏ်ရာမှ
ဝေဒနာထင်တတ်တော့လည်း
ငါမပြောဘူးလားဆိုတာမျိုး
လက်ညိုးတွေပိုပိုလျှံလျှံကိုရှိတယ်

မိနစ်ကိုးဆယ်လုံးကန်တာတောင်
တစ်ဖက်ဂိုးသမားမမြင်ဘူးလိုက်သလို
တစ်ဖတ်သတ်ခရာသံတွေ
ကွင်းလုံးပြည့်ဆူညံ
ပန်းခင်းကြီးကပြောတယ်
ဘယ်သူခူးဖို့ အတွက်မှ
ူသူတို့ လှနေတာမဟုတ်ဘူးတဲ့

ဖြစ်တတ်ပါတယ်….
စိတ်ဟာ
ဘယ်လောက်မြင့်ပြီလဲ
သိချင်ရင်
တံတွေးထွေးထွေးကြည့်ချင်တယ်
အဖုံးဖွင့်ထားသလောက်တောင်
လုံခြုံမှု့ မရှိတော့လည်း
မျှော်လင့်ချက်ဆိုတဲ့မောင်းက
တစ်ခုခုဆို
ကိုယ့်ခေါင်းကိုပဲပြန်ပြန်ချောင်းနေတယ်

ဒေါင်ကျကျ…
ပြားကျကျဆိုမှ
ပြန်ကိုကျမလာတော့ဘူး..
ရူးမိရူးရာ…..
ကိုယ့်ကိုယ်ကိုပြန်ရှာမှ
စိတ်ကူးယဉ်အိပ်မက်ကအစ
အဖြူအမည်းဖြစ်မှန်းသိရတယ်

ဇွန်းခက်ရင်းကိုင်အောင်ပွဲနဲ့ 
လူ့ ယဉ်ကျေးခေါင်းစဉ်တွေကြား……

သက်တံတွေခြေခင်း
ဘုံခုနစ်ဆင့်တွေနဲ့ ပစ်ပေါက်ရင်း
သေမင်းနဲ့ တနှစ်နီးလာတဲ့
အခမ်းအနားတွေကြား…….

နောက်တနေ့ 
ညကိုညလိုမမြင်ရဖို့ 
ဖယောင်းတိုင်မီးမှုတ်လိုက်တဲ့သူတွေအကြောင်း
ရေးကြီးခွင်ကျယ်လုပ်ပြီးသိတဲ့သူ
ရှားတယ်……..။

ပြောလို့ ရပါတယ်……..
ကိုယ့်ကံနဲ့ ကိုယ့်ပဲ။
ပြောလို့ ရပါတယ်……..
ဒူးဟာဒူးတော်ဟာတော်ပဲ။
မှန်ပါတယ်……
စာနာမှု့ ဆိုတာ
အလွယ်တကူကောက်တပ်ကြည့်တိုင်း
မြင်ရမယ့်
မျက်မှန်မျိုးမှမဟုတ်ပဲ……။

ထားလိုက်ပါ…..
ဒီကဗျာကို
တစ်ချို့ရယ်ကြလိမ့်မယ်
တစ်ချို့ဖယ်ကြလိမ့်မယ်
တစ်ချို့တွေးကြလိမ့်မယ်
တစ်ချို့ပိုဝေးကြလိမ့်မယ်

နောက်မကျပါဘူး….အမှန်တရားရယ်
ကျုပ်တို့ ကိုကစောလွန်းခဲ့တာပဲ…..။

terry(4.1.2012)11;00pm
[email protected]

In: ကဗျာ Posted By: Date: Jan 16, 2012
Comment #1

စိတ်ဟာ
ဘယ်လောက်မြင့်ပြီလဲ
သိချင်ရင်
တံတွေးထွေးထွေးကြည့်ချင်တယ်
အဖုံးဖွင့်ထားသလောက်တောင်
လုံခြုံမှု့ မရှိတော့လည်း
မျှော်လင့်ချက်ဆိုတဲ့မောင်းက
တစ်ခုခုဆို
ကိုယ့်ခေါင်းကိုပဲပြန်ပြန်ချောင်းနေတယ်
အားပေးသွားပါတယ်

commentinfo By: thetnaung at Jan 16, 2012
Comment #2

နှစ်သက်စွာ အားကျလျှက်…အားပေးနေပါတယ်….
တော်ပါတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 16, 2012
Comment #3

a me,,
myat hman tat tar lwe de hmat loh,,
hint,,,

nice poem,

commentinfo By: ei lay at Jan 16, 2012
Comment #4

ကဗျာက ကောင်းတယ်ဆိုတာထက် အရေးအသားတွေလေးနက်တယ် စကားလုံးဖွဲ့စည်းပုံ ကျစ်လျစ်တယ် အတွေးအခေါ်တွေက ကျွန်တော့ခေါင်းတောင်လိုက်မမှီနိုင်လောက်မြင့်တယ်
နောက်တင်မယ့် ကဗျာသစ်တွေကိုလည်း မျှော်လင့်နေတယ်ဗျ ။

commentinfo By: X - ray at Jan 16, 2012
Comment #5

ထားလိုက်ပါ…..
ဒီကဗျာကို
တစ်ချို့ရယ်ကြလိမ့်မယ်
တစ်ချို့ဖယ်ကြလိမ့်မယ်
တစ်ချို့တွေးကြလိမ့်မယ်
တစ်ချို့ပိုဝေးကြလိမ့်မယ်

နောက်မကျပါဘူး….အမှန်တရားရယ်
ကျုပ်တို့ ကိုကစောလွန်းခဲ့တာပဲ…..။

commentinfo By: zawthetoo at Jan 16, 2012
Comment #6

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ…
goodတယ်ဗျာ…..good

commentinfo By: poem.poem28 at Jan 16, 2012
Comment #7

ကိုတယ်ရီ…
ခင်ဗျားကပျောက်ချက်သားကောင်းတာ
တဆိတ်လေးလွန်တယ်ဗျာ
ကျွန်တော်တို့ကတော့ ခင်ဗျားရဲ့ကဗျာလေးတွေကို
မျှော်လင့်နေတာဗျ
ကိုတယ်ရီရေ………….
လေးစားစွာ အားပေးနေပါရဲ့
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 16, 2012
Comment #8

ညီလေးရေ ဘာမှပြောစရာမလိုအောင်ကို သိပ်ကောင်းတယ်။ ရွေးထုတ်မပြတော့ဘူးကွ။ တပုဒ်လုံးကို တော်တော် ကြိုက်တယ်။

commentinfo By: ChIr0N at Jan 16, 2012
Comment #9

ဟုတ်ပါတယ်..ကိုတယ်လ်ရီရေ…..ဂွတ်တယ်…။ဂျီတော့လ်အကောင့်အက်ထားတယ်နော်…။
စကားပြောချင်တယ်ဗျာ……။

commentinfo By: taryar at Jan 16, 2012
Comment #10

ကဗျာကောင်းတစ်ပုဒ် 🙂

commentinfo By: lianno at Jan 16, 2012
Comment #11

ဟေ့ေ၇ာင်…ငါ့ဟာ ဘယ်တော့လဲ………လုပ်၇င်လဲလုပ်မနေတော့ပါနဲ့……….မင်းက ပါးစပ်က ကြည့်ပြောနေတာကို…….ဒါပဲ…………..မင်း ဘက်က လည်းဖုန်းခေါ်လို့၇တယ်နော်……ကောင်လေး

commentinfo By: kaungzaw at Jan 16, 2012
Comment #12

ငါ့ညီ ကတော့ကွာာာာ..
အကျိုးနည်းလွတ်ကောင်းအောင်ရေးပြန်ပြီ
ကောင်းဆဲ ကောင်းမြဲ
မိုက်ဆဲမိုက်မြဲ
တွန်းထားဟေ့
လုပ်
ချ
သောက်သုံးမကျတဲ့စကားလုံးမိုက်မိုက်တွေ နဲ့ 
နပန်းလုံးရတာဘ၀ ဆန်တယ်ဟ
ဖတ်ရင်းးးကျေးဇူးတင်မိတယ်
လေးစားလျှက်ပါပဲဗျို့ ….

commentinfo By: sharon myorr myor at Jan 17, 2012
Comment #13

ဖြစ်တတ်ပါတယ်….
စိတ်ဟာ
ဘယ်လောက်မြင့်ပြီလဲ
သိချင်ရင်
တံတွေးထွေးထွေးကြည့်ချင်တယ်
အဖုံးဖွင့်ထားသလောက်တောင်
လုံခြုံမှု့ မရှိတော့လည်း
မျှော်လင့်ချက်ဆိုတဲ့မောင်းက
တစ်ခုခုဆို
ကိုယ့်ခေါင်းကိုပဲပြန်ပြန်ချောင်းနေတယ်….

commentinfo By: NC at Jan 17, 2012
Comment #14

Nice Poem………….

commentinfo By: May Kha at Jan 17, 2012
Comment #15

ကဗျာကောင်းတွေ ဆက်လက်ဖတ်ရှူ ခံစားချင်ပါတယ်
ကိုတယ်ရီ့ကဗျာတွေ ဖတ်ရတာ မမောနိုင်ဘူး
အားပေးနေတယ်။

commentinfo By: ကတုံးလေး at Jan 18, 2012
Comment #16

ကောင်းလိုက်တယ် ကိုတယ်ရီရေ……
ဘယ်ရောက်နေလဲ online မှာမတွေ့လို့….
အားပေးသွားပါတယ်။

commentinfo By: ngewaithuaung at Jan 18, 2012
Comment #17

ရှင်ဘယ်သူလဲဆိုတာ ဆူးသိချင်တယ်….ဆူးနဲ့စကားပြောချင်တယ်ဆိုရင် ဆူးအကောင့်ကိုအပ်လိုက်ပါ…. ဆူး ရှင့်ကို မေးစရာရှိတယ်….

commentinfo By: ဆူး at Jan 25, 2012
Comment #18

ဟာ…..အားရတယ်…ဗျာ မရေးတာကြာလို့ 
ကိုယ့်ကဗျာ ဘယ်သူမှမကြိုက်လောက်ဘူးတောင် ထင်တာ…
တကယ် ကို အားရကျေနပ်မိပါတယ်….
တကယ်ကို ၀မ်းမြောက်မိပါတယ်….

ကိုတာရာရေ…လက်ခံထားလိုက်ပါမယ်….လိုင်းပေါ်တက်လို့ မရလို့ ပါ….

ဆူး….ကျွန်တော်နာမည်အရင်းကလည်းတယ်ရီပါပဲ….အပ်တာကလည်းအပ်လို့ ရပါတယ်…
ဒါပေမယ့် ခင်ဗျားအကောင့်ကို ကျွန်တော်မသိဘူး….ဗျ
မေးစရာရှိရင်အပ်ထားလိုက်ပါ အပေါ်မှာကျွန်တော့်အကောင့်ပါပါတယ်..မဆူး 🙂

commentinfo By: terry at Jan 25, 2012
Comment #19

မိနစ်ကိုးဆယ်လုံးကန်တာတောင်
တစ်ဖက်ဂိုးသမားမမြင်ဘူးလိုက်သလို
တစ်ဖတ်သတ်ခရာသံတွေ
ကွင်းလုံးပြည့်ဆူညံ
ပန်းခင်းကြီးကပြောတယ်
ဘယ်သူခူးဖို့ အတွက်မှ
ူသူတို့ လှနေတာမဟုတ်ဘူးတဲ့

commentinfo By: နွေ at Sep 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment