Professional Authors

ရန်ကုန်မြို့ထဲ တိုးဝင်ခြင်း

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေရဲ့ ဆူညံသံက ဆီးကြိုတယ်။
၁၂၀၀ တန် တီရှပ်များ။
စီစီရီရီ ကော်ပီအခွေတွေမှာ ရှာကြဖွေကြ။
တဖြန်းဖြန်းရိုက်လို့ ၀ယ်သူခေါ်နေတဲ့ ရာဘာဖိနပ်ရောင်းတဲ့သူ။
ဝေ့တက်လာတဲ့ ဆီကြော်အနံ့။
အလူမီနီယမ် မှန်ဘောင်တွေထဲက ရွှေရတနာတွေ။
ရှာပါးစာအုပ်ဟောင်းတွေ ပလက်ဖောင်းဘေးမှာ အထပ်ထပ် ကြပ်ညပ်။
‘အစ်ကို…ဘာရှာလဲ….ပြောကြည့်

လေ’။
တိုးဝှေ့ကျော်တက်သွားတဲ့ ခြေတံရှည်ရှည်လေးရဲ့ baby milo။
ရှိုးကေ့စ်ထဲက digital camera များ အထားအသို။
ခဏပျက်တဲ့ မီးပွိုင့်အလယ် လက်တွေ အလုပ်များသွားရတဲ့ ၀ီစီ။
အမဲအူသုပ်ရောင်းသူ လောလောဆယ် ငုတ်တုပ်။
ဒံပေါက်နံ့။
center ထဲမှာ လူတွေ တိုးဝှေ့ နေကြ။
ပြုံးပြတဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်းမလေးရဲ့ အရောင်။
ပြန်ထွက်လာတဲ့ မှတ်တိုင်မှာ
ကားမျိုးစုံ လူမျိုးစုံ အသံပေါင်းစုံ လှုပ်ရှားနေကြပြန်တာပဲ။
ဒါ ငါ ယူလာတဲ့ တနင်္ဂနွေမြို့ထဲ က အိမ်ပြန်လက်ဆောင်ပေါ့။
In: ကဗျာ Posted By: Date: Aug 25, 2010
Comment #1

မိုက်တယ် ရန်ကုန်အကြောင်းဖတ်မိရင် အမြဲတမ်း သွေးတွေ နွေးတက်လာတယ် .။

commentinfo By: လင်းဒီပ at Aug 25, 2010
Comment #2

မိုက်တယ်.. ဟုတ်တယ်..
မိုက်တယ် ဆိုတာက ကဗျာကိုပြောတာပါ။
ဟုတ်တယ် ဆိုတာက အပေါ်က ကိုလင်းဒီပ ရဲ့ comment ကို ထောက်ခံတာ..

commentinfo By: ဖြိုးဖြိုး at Aug 25, 2010
Comment #3

ကောင်းလိုက်တဲ့ အရေးအသားပါဗျာ
တကယ်ဗျာ
အနော်ရထာလမ်း ပေါ်ချက်ချင်း ရောက်သွားသလိုပဲ
အားပေးနေမယ်အကို (တာကော)ရေ

commentinfo By: Lazy Poet at Dec 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment