လေလွင့်ယစ်မူးခြင်း မိုးတိမ်
နေလောင်ဒဏ်ကြောင့်လည်း ပျက်
မိုးကြောင့်လည်း ပျက်
ပိုးကြောင့်လည်း ပျက်
လေကြောင့်လည်း ပျက်
ရာသီဥတုကြောင့်လည်း ပျက်လို့ မြေခ
ကြွေနွမ်းရတဲ့ ကုဋေကုဋာ ပန်းကလေးတွေလည်း များခဲ့ပြီ…။
အချိန်ကာလတွေ တိုက်စားသွားတဲ့
နာရီလက်တံတွေကြား မညီညာ
ခရီသွားရင်း တခါတရံ
အပျော်လွန်ခဲ့တဲ့ စက္ကူစွန်တွေလည်း
ကြွေကျ ပျက်စီးခဲ့
ကြယ်တွေလည်း ကြွေကျခဲ့သလို
ပင်ယံက ပန်းကလေးတွေလည်း
မြေခ ကြွေကျရပြန်တယ်..။
ဖူးငုံစမို့ အရွယ်မရောက်သေးလို့
အထင်တော့ မသေးလိုက်နဲ့အုန်း
ဒဏ်ရာတွေ ကိုယ်စီကိုယ်စီတော့
လေလောင်လွင်ပြင်က ရိုက်ခက်ခြင်းတွေနဲ့
နေလောင်ရင်ခွင်မှာ ရနံ့သင်းတဲ့
ပန်းကလေးတစ်ပွင့် ဖြစ်ပါစေအုန်း
မသေချာတဲ့ ရင်ခွင်မှာ အိပ်စက်ရအုန်းမယ်…..။
မွေးဖွားပြီမှ ဒဏ်ရာအနာတရနဲ့
ဝေဒနာကွာဟနေလဲ အသက်ရှုတာခြင်း
မကွာဟတဲ့ ဝင်သက်ထွက်သက်ထဲ
သမုဒယ နှောင်ကြိုးတွေဆွဲလို့
အချစ်သောကနိမိတ်တွေနဲ့
နှလုံးသားအရိပ်အောက်
ခိုဝင်နားစက် အိပ်ပျော်ဖို့လည်း
မရည်ရွယ်ခဲ့ မသေချာခဲ့တာ
အခုတော့………..။
လျှာပေါ်မှာ စိတ်လွင့်ယစ်မူးရင်း
အရသာတွေက အဆိပ်သင့်ခဲ့
ပျော်စရာဘုံမရှိတဲ့ အခန်းကျဉ်းထဲ
ကြည်နူးမှုနဲ့ မှေးစက်အိပ်ပျော်ရင်း
ဒဏ်ရာတွေ ဝေဒနာတွေစွဲကပ်လို့
အခုတော့လည်း ကြွေနွမ်းခဲ့ရ ပျက်စီးခဲ့ရပြီ….။
သည်းပန်းနွမ်းကြွေ သံယောဇဉ်မြေမှာ
နွေတစ်ရာ ပူလောင်မှု့မျက်ရည်တစ်စနဲ့
ပြန်မရတော့တဲ့ နှောင်နောင်တတွေက
ဘဝရေကြည်တစ်ပေါက် ကြွေပျက်ခဲ့ရပြီ….။
ဘဝတဆစ်ချိုး အလင်းရောင်မီးအိမ်
တောက်ပနေပါလျက် အချိန်အဆမရှိ
မီးရှိန်မြင့်လို့ ပျက်သုဉ်းသွားတဲ့
ဒုက္ခသုက္ခ ရင်ခွင်ထဲ သောကနိမိတ်တွေနဲ့
မိုးခါးရေကို သောက်သုံးရင်း
အဖြေမထွက်တဲ့ ဘဝပြဿနာကို
လေလွင့်ယစ်မူးခြင်း မိုးတိမ်တွေအောက်
စိတ်ပျက်ပျက်နဲ့ စောင့်မျှော်နေဆဲ…။
တက္ကသိုလ်မြတ်မင်း