Professional Authors

မေးခွန်း

အနေဝေးလို့ သွေးအေး” တဲ့
အနေနီးလို့ သွေးစည်းဖူးရဲ့လား။
ငါ့ကိုယ်ငါ မေးမိတဲ့စကား။

“သဝန်တိုတာ အချစ်စစ်” တဲ့
နားလည်ပေးခြင်းဟာ အချစ်စစ်မှဟုတ်ရဲ့လား။
ငါ့ကိုယ်ငါမေးမိတဲ့စကား။

“အသစ်မြင် အဟောင်းမေ”့ တဲ့
အသစ်သုံးလို့ အဟောင်းစွန့်ဖူးရဲ့လား။
ငါ့ကိုယ်ငါမေးမိတဲ့စကား။

“မနက်ဖြန်ဆိုတာ မသေချာ” တဲ့
နင်ကရော မနက်ဖြန်ထက်ပိုပြီး သေချာရဲ့လား။
ငါ့ကိုယ်ငါမေးမိတဲ့စကား။

“အချစ်ကြီးရင်အမြတ်ကြီးတယ်” တဲ့
မမုန်းတတ်ခြင်းဟာ မချစ်တတ်ခြင်းလား။
ငါ့ကိုယ်ငါမေးမိတဲ့စကား။

“ကမ္ဘာကြီးသာယာတာ အချစ်ကြောင့်” တဲ့
စီးကျနေတဲ့ မျက်ရည်တွေရဲ့ အရင်းအမြစ်က ချစ်ခြင်းလား။
ငါ့ကိုယ်ငါမေးမိတဲ့စကား။
သူငယ်ချင်းကဗျာပါ

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

“မနက်ဖြန်ဆိုတာ မသေချာ” တဲ့
နင်ကရော မနက်ဖြန်ထက်ပိုပြီး သေချာရဲ့လား။
ငါ့ကိုယ်ငါမေးမိတဲ့စကား။

Comment #2

Excellent creation

commentinfo By: ei lay at Apr 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment