Professional Authors

လိပ်ပြာရှိုက်သံ

မီးတောက် တစ်ခု . . .
ဖွာခနဲ အပွင့်မှာ
ငါ နဲ့ သူ  . . .
ကျောခိုင်း ဖို့
အကြောင်း ဖန်လာတယ် . . .

မထူးပါဘူး . . .
ကျောသား ရင်သား မခွဲခြားတတ်သော
ချစ်ခြင်း ရေ . . .
ဒီကောင်လေး ရဲ့ ဘယ်ဘက် ရင်အုံမှာ
ဒဏ်ရာ တစ်ခု အမာရွတ် ချန်သွားတယ် . . .

သမုဒယ ဇာတ်လမ်း တစ်ပုဒ် အဆုံး
လက်သီးပုန်း တစ်လုံး ငါ့ရင်ကို တစ်ချက် ဆောင့်တယ်
ရှိုက်သံ အချို့ နဲ့  မျက်ရည်တွေ
ငါ မကြည့်လိုက်ဘဲ မြင်တယ် . . .

အချစ်ဆိုတာ စွန့် လွတ်ခြင်း ဆိုရင်
ငါ တို့ နှစ်ယောက် စွန့် လွတ်ခဲ့ကြပြီ
ငါ နဲ့ မင်း ချည်နှောင်ခဲ့တဲ့ ဖဲကြိုးလေး
လမ်းခွဲ ခြင်း အထိမ်းအမှတ် နဲ့ 
ပြယ်လွင့်သွားပြီ . . .

လိပ်ပြာရှိုက်သံ တို့  . . .
ငါလဲ မင်းတို့ လိုပဲ
အခု လိပ်ပြာ မလုံတတ်တော့ဘူး . . .

လမင်းဇော်

In: ကဗျာ Posted By: Date: Aug 22, 2010
Comment #1

အချစ်ဆိုတာ စွန့် လွတ်ခြင်း ဆိုရင်
ငါ တို့ နှစ်ယောက် စွန့် လွတ်ခဲ့ကြပြီ
ငါ နဲ့ မင်း ချည်နှောင်ခဲ့တဲ့ ဖဲကြိုးလေး
လမ်းခွဲ ခြင်း အထိမ်းအမှတ် နဲ့ 
ပြယ်လွင့်သွားပြီ . . .

လိပ်ပြာရှိုက်သံ တို့  . . .
ငါလဲ မင်းတို့ လိုပဲ
အခု လိပ်ပြာ မလုံတတ်တော့ဘူး . . .

commentinfo By: အသဲကွဲမိုး at Jul 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment