Professional Authors

လိပ်ပြာမလေး ရဲ့ ဒုတိယမြောက် တောင်ပံသစ်

အသစ် အသစ် တို့ နဲ့ 
တောက်ပခဲ့သော အလင်းတေးအဖွင့်
လိပ်ပြာမလေးရဲ့  ဒုတိယမြောက်တောင်ပံ
ခပ်တိုးတိုး ရိုက်ခတ်သွားတယ် ၊၊    ၊၊

ပွင့်ဖတ် အလီလီနဲ့ 
ရာသီ အမီ စောင့်တဲ့ပန်း
တောင်ပံခတ်သံ အကြားမှာ
ငှားစွင့်လို့ . . .
သူ . . .ပွင့်အာခဲ့တယ် ၊၊    ၊၊

သူ့ (လိပ်ပြာမလေး)
အပြုံးတို့ 
ငါ့ရင်မှာ စူးနစ်ဝင်ခဲ့
ငါမှာ မနာကျင်ခဲ့ပေမဲ့
ကောက်ချက်ချကြည့်တော့
“လွမ်းဒဏ်ရာ” လို့ မည်တယ် ၊၊    ၊၊

ဝေးကွာခြင်း ခေါင်းလောင်းသံ မဟုတ်ပေမဲ့
သူနဲ့ ငါ အကြားမှာ
နီးကပ်စွာ ဖေးမခြင်းမျိုး မရှိဘူး
ဘယ်သူမှ မသိတဲ့ အဝေးက အချစ်နဲ့ 
နှလုံးသားချင်း နားလည်တယ် ၊၊    ၊၊

ပန်းခင်းသော လမ်း မဟုတ်ပေမဲ့
ခယောင်းလမ်းလဲ မဟုတ်ဘူး
ကျွန်တော် မသိသော ဒီလမ်းမှာ
သူ နဲ့ လက်ချင်း တွဲလျှောက်တာမျိုး မဟုတ်ပေမဲ့
ဘာသာစကားရဲ့ အတိမ်အနက် အရ
(ကျွန်တော့်အထင်)
ဘယ်သူမှ ရိပ်မိမှာမဟုတ်ဘူး
လိပ်ပြာခြုံတဲ့ စောင်
ကျွန်တော် ဖြစ်တယ် ဆိုတာကိုလေ ၊၊   ၊၊

“အချိန် နှင့် ဒီရေ ကို လူစောင့်သည်”
ကျွန်တော့်အဆို
ဘယ်သူ ငြင်းမလဲ . . .
အချိန် . . .
သူမ နဲ့ ပျော်ရမဲ့ အချိန်
ကျွန်တော် ကိုယ်တိုင်စောင့်နေခဲ့တာ
နာရီလက်တံတွေတောင်
ဘယ်နှပတ်မြောက် လည်ပတ်နေခဲ့သလဲ
မသိတော့ပါဘူးကွယ် . . .

သူမ ရဲ့ နှုတ်ခမ်း အစုံကသာ
ပြုံးရယ်လာပါစေ
ကျွန်တော့် နှလုံးသား နဲ့ ဇာတ်တိုက်ထားတယ်
ကံကြမ္မာကသာ ရက်စက်သော ကွက်ကြားမိုး မရွာနဲ့ 
ရင်ထဲက နှလုံးသား
သူမ အတွက် “က” နေတယ်၊၊   ၊၊

သူမ ၀ှက်တဲ့ မျက်ဝန်း မှာ
ကျွန်တော် အဖြေရှာခဲ့
ဝင်ရိုးစွန်း တောင်နဲ့ မြောက်
ပြေးလိုက်ရသလို မောတယ်
ဒါပေမဲ့ . . .
အဲဒီအတွက် တန်တယ်
သူမ မျက်ဝန်းက ပြောတဲ့ အသံမဲ့ဘာသာစကားက
ဝင်္က၀ုတ္တိ နဲ့ ”ချစ်တယ်” တဲ့

ဟုတ်ကဲ့ . . .
ကျွန်တော် သူမရဲ့ 
ဒုတိယမြောက် တောင်ပံသစ်လေးပါ ၊၊     ၊၊

(၁၅.၈.၂၀၁၀)

In: ကဗျာ Posted By: Date: Aug 15, 2010
Comment #1

ချစ်ဖို့ကောင်းတယ်

commentinfo By: ainmat.tasay at Oct 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment