Professional Authors

လိပ်ပြာငယ်

အတောင်ညောင်း နေမလား လိပ်ပြာ
ငါ့အပါးမှာ ခေတ္တနားခိုပါ
ဝတ်ရည် ကောင်းလိုလား လိပ်ပြာ
ငါ့အနားက ထွက်ခွာ သင်ရှာလိုက ရှာပါ
လိပ်ပြာငယ် …..
ဝတ်ရည်ချိုမူး သင်ကြောက်ဒူးတုန်က
ချစ်ခြင်မပြယ် ရနံ့ကြိုင်စွာ
ငါထိုင်မျှော်မယ် သင့်ပြန်အလာ ။

အခါခါကတိ သင့်အကြည့်တွေ
ငါ့နှလုံးသား ရုန်းမရပါ
အခါခါငြင်း မတန်လေခြင်းနောက်
အတ္တကုန်စင် ခ၀ါပြာချ
မြတ်နိုးခြင်းသာ သိမ်းဆည်းထုတ်ပိုး
သင်တွေ့စေဖို့ ….. အလို့ငှာ
ဤသို့ ကဗျာဖြစ်တည်ထားတယ်
သင့်ချစ်ခြင်းဖြင့် မြင်စေသော်  ။

In: ကဗျာ Posted By: Date: Sep 27, 2011
Comment #1

သင်တွေ့စေဖို့ ….. အလို့ငှာ
ဤသို့ ကဗျာဖြစ်တည်ထားတယ်
သင့်ချစ်ခြင်းဖြင့် မြင်စေသော် ။

commentinfo By: အသဲကွဲမိုး at Sep 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment