Professional Authors

ပင်လယ်ရှိုက်သံ

အချစ်ဆိုတာ
သူတစ်စိမ်းရင်ခွင်နှစ်ခုကို ချည်နှောင်ပေးတဲ့ အရာ
အခု ဒီ အချစ်ကြောင့်ပဲ နီးရာက ဝေးသွားတဲ့
ရင်ခွင်ကို ရပ်ကြည့် နေရပေါ့…..
ချစ်ရသူ ငြင်းဆိုခဲ့ တဲ့ ချစ်ခြင်းတွေက
ရေတံခွန်တစ်ခုလို
နက်နက်ရှိုင်းရှိုင်း ၀ုန်းဒိုင်းကြဲလို့…
ခေါ်ချင်ပေမဲ့ ဆွံ့အနေခဲ့တာ
လိုက်ချင်ပေမဲ့ ချန်နေတတ်ခဲ့တာ
နာကျင်ပေမဲ့ ရယ်နေတတ်ခဲ့တာ
ဝန်မခံ ၀ံ့ခဲ့တဲ့ မာယာတွေပါ…
မိန်းမဆိုတာ
သိက္ခာနဲ့ ၀န်းကျင်ကြား
နှလုံးသားကို ပိတ်လှောင်ရတဲ့သူ…
အချစ်ရဲ့ ဘာသာ စကား
နားလည်မှုလေးလွဲ သွားရုံနဲ့
ချစ်သူ နှစ်ယောက် ဝေးဝေး သွားလိုက်ကြတာ
မိုးတွေ တောင် ဘယ်နှစ်ကြိမ် သည်းမှန်း မသိဘူး…
အတိတ်ရဲ့ စိမ်းလန်းခြင်း ဆိုတာ
တစ်ခါတစ်ရံမှာ
အလွမ်းတွေ နေပြောက်ထိုးဖို့လေ
ရင်ခွင်တစ်ခုလုံး
ချစ်သူ့ လှောင်ပြုံးတွေ အောက်မှာ
မွမွကို ကြွေလို့
အချစ်ကြောင့် ခေါင်းမော့မိသူ
အချစ်ကြောင့် ပဲ ခေါင်းငုံ့ နေရရင်း
ည ည အိပ်မက်ထဲမှာတော့
ချစ်သူ့ ခြေရာ လေးကို တောင်
အခါခါ ဒူး ထောက်နေမိလေရဲ့………။

In: ကဗျာ Posted By: Date: Aug 31, 2011
Comment #1

စိတ်မဆိုးရင်အကြံပေးချင်တယ်ြဖစ်တယ်မဟုတ်လား fri
ကဗျာက
တိုတိုနဲ့ထိထိကပိုကောင်းပါတယ်
အားပေးသွားပါတယ်ဗျာ

commentinfo By: virus at Aug 31, 2011
Comment #2

အားပေးသွားတယ်နော်

commentinfo By: Village chat kyi at Aug 31, 2011
Comment #3

အားပေးသွားပါတယ်

Comment #4

Comment #3

တကယ်ကောင်းတယ်ဗျာ…..အားပေးခဲ့ပါတယ်နော်..သူငယ်ချင်းးးးးဒီထက်မကေ၇းနိုင်ပါစေ……

commentinfo By: zwenyi at Aug 31, 2011
Comment #5

အော စိတ်မဆိုးပါ ဘူး ကျေးဇူးတင်ပါတယ်
ဒီကဗျာလေး က လွန်ခဲ့ တဲ့ ၆ နှစ်က ရေးထားတာ
နည်းနည်း အိုင်သွားတယ်
အခု ရေးဖြစ်တဲ့ ကဗျာတွေ တော့ မအိုင်အောင် မအီအောင် ကြိုးစားနေပါတယ်

commentinfo By: nwenyeinaye at Aug 31, 2011
Comment #6

long long ago pop.
now change idea.
han ma saung ne dot lay,,
ma nyar ne dot lay,,
a htin le ma lwe ne dot pop,
d da khar koh ko kou set lane nay tay yin da ke way ya late me.

commentinfo By: ei lay at Aug 31, 2011
Comment #7

ဟေ့လူ ~~~~virus
ခင်ဗျားကအကြံလာပေးရတယ် ဆိုတော့ ခင်ဗျားကဆရာကြီးလား
ကိုယ့်ကဗျာလဲ ကိုယ်ပြန်ဖတ်ကြည့်ဦးဗျို့ ~~

ကဗျာလို့တောင်ပြောမရဘူးဗျာ~~ခင်ဗျားအသက်ဘယ်လောက်ရှိလဲတော့မသိဘူး
ကဗျာမှာတော့ မူကြိုအဆင့်တောင်မရှိဘူးဗျို့
ခင်ဗျားကဗျာကိုဝေဖန်ရဖို့တောင် ကျနော်အတွက်စကားလုံးသုံးစရာမရှိဖြစ်သွားတာ ခင်ဗျားကံကောင်းတယ်မှတ်~~

ခင်ဗျားကိုလဲအကြံပေးမယ် စိတ်ဆိုးလဲဆိုးပေါ့ဗျာ
ကိုယ့်ကိုကိုယ်ထင်တစ်လုံးမြင်တစ်လုံးဖြစ်မနေနဲ့ဗျ~~
သူများကိုဝေဖန် အကြံပေးချင်ရင် ကိုယ်တိုင်ကလဲ အဆင့်တော့ရှိရတယ်ဗျ
ကလေးအတွေး ကလေးကဗျာ ကလေးစကားလုံးလောက်လေးရေးရေးပြီး
ဒီမှာဝေဖန်အကြံပြုသွားတာတော့ရယ်စရာကောင်းသလို
မြင်တာလဲကြည့်မရလို့ဝင်ရေးလိုက်တယ်ဗျာ ;););)

မကျေနပ်ရင်တော့မတက်နိုင်ဘူးဗျာ မြင်တဲ့အတိုင်းတော့ပြောမိတာပဲ:):):)

Comment #8

ဟေ့လူ ~~~~(သက်ဆိုင်သူများ(စ်))
ခင်ဗျားကအကြံလာပေးရတယ် ဆိုတော့ ခင်ဗျားကဆရာကြီးလား
ကိုယ့်ကဗျာလဲ ကိုယ်ပြန်ဖတ်ကြည့်ဦးဗျို့ ~~

ကဗျာလို့တောင်ပြောမရဘူးဗျာ~~ခင်ဗျားအသက်ဘယ်လောက်ရှိလဲတော့မသိဘူး
ကဗျာမှာတော့ မူကြိုအဆင့်တောင်မရှိဘူးဗျို့
ခင်ဗျားကဗျာကိုဝေဖန်ရဖို့တောင် ကျနော်အတွက်စကားလုံးသုံးစရာမရှိဖြစ်သွားတာ ခင်ဗျားကံကောင်းတယ်မှတ်~~

ခင်ဗျားကိုလဲအကြံပေးမယ် စိတ်ဆိုးလဲဆိုးပေါ့ဗျာ
ကိုယ့်ကိုကိုယ်ထင်တစ်လုံးမြင်တစ်လုံးဖြစ်မနေနဲ့ဗျ~~
သူများကိုဝေဖန် အကြံပေးချင်ရင် ကိုယ်တိုင်ကလဲ အဆင့်တော့ရှိရတယ်ဗျ
ကလေးအတွေး ကလေးကဗျာ ကလေးစကားလုံးလောက်လေးရေးရေးပြီး
ဒီမှာဝေဖန်အကြံပြုသွားတာတော့ရယ်စရာကောင်းသလို
မြင်တာလဲကြည့်မရလို့ဝင်ရေးလိုက်တယ်ဗျာ 😉 ;);)

မကျေနပ်ရင်တော့မတက်နိုင်ဘူးဗျာ မြင်တဲ့အတိုင်းတော့ပြောမိတာပဲ:):):)

commentinfo By: အုတ်ခဲ at Aug 25, 2012
Comment #9

Kyike de.
Yae le kway de.
Be lout kyar kyar,,pyat p tine heart hti de.
Really lovely.
Fighting.
Fighting.

commentinfo By: ei lay at Aug 25, 2012
Comment #10

အတိတ်ရဲ့ စိမ်းလန်းခြင်း ဆိုတာ
တစ်ခါတစ်ရံမှာ
အလွမ်းတွေ နေပြောက်ထိုးဖို့လေ
ရင်ခွင်တစ်ခုလုံး
ချစ်သူ့ လှောင်ပြုံးတွေ အောက်မှာ
မွမွကို ကြွေလို့
အချစ်ကြောင့် ခေါင်းမော့မိသူ
အချစ်ကြောင့် ပဲ ခေါင်းငုံ့ နေရရင်း
ည ည အိပ်မက်ထဲမှာတော့
ချစ်သူ့ ခြေရာ လေးကို တောင်
အခါခါ ဒူး ထောက်နေမိလေရဲ့………။

commentinfo By: SoFarAwayFromU at Feb 28, 2013
Comment #11

အားပေးတဲ့ ကဗျာချစ်သူများကို ကျေးဇူးပါ……

commentinfo By: nwenyeinaye at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment