Professional Authors

ကြားဖူးနေကျပုံပြင်ထဲကလိုပေါ့… (terry)

အရောင်စုံတဲ့ လူတွေကြားမှာ
ငါ့အနာဂတ်ကို ငါ
ထုဆစ်ပုံဖော်ခဲ့တယ်
ကရိယာမစုံတော့
ရုပ်ထွက်မလှဘူးပေါ့။

ဘာပဲဖြစ်ဖြစ်
ဒုက္ခဆိုတာ
ငါ့အတွက်တော့
ထမင်းစား ရေသောက်ပါပဲ။

ခက်ခဲကြမ်းတမ်းပြီး
သစ်ပင်သစ်တော
်မပေါက်ရောက်နိုင်တဲ့ဒေသကို
ကန္တာရလို့ခေါ်တယ်လို့
ငါ့ရဲ့ဒုတိယဘုရားသခင်က
ပြောကြားခဲ့တယ်။

အမြဲစိမ်းသစ်တောဖြစ်ဖို့
ကန္တာရအဖြစ်နဲ့
ဘယ်နှဘ၀လောက်
ပါရမီဖြည့်ရဦးမလဲ။

ခါးသီးမှု့တွေပဲ
တောက်လျှောက်
သောက်သုံးနေရတော့
အရိုင်းဆန်မှု့ဆိုတဲ့အရာဟာ
ငါ့အတွက်
ကိုယ်ပိုင်ယဉ်ကျေးမှု့ဖြစ်လာတယ်။

ကျေးဇူးပြုပြီး
ငါ့ကမ္ဘာကို
ငါ့အတ္တနဲ့ကြီးစိုးခွင့်ပြုပါ။

ထပ်ပြီး
နောက်ဆုံးအနေနဲ့
သတိပေးမယ်
ဘယ်လိုကံတရားမျိုးမှ
ငါ့ဆီကို
တံခါးမခေါက်ပဲ မလာနဲ့။

                                       terry

In: ကဗျာ Posted By: Date: Aug 22, 2010
Comment #1

အရမ်းမိုက်တယ်

commentinfo By: မြတ်ချစ် at Aug 22, 2010
Comment #2

ဘ၀ကတော်တော်လေးပြင်းပြင်ရှရှ ခံခဲ့ရတယ်ထင်တယ်နော်။
Terry ရဲ့ဒုတိယဘုရားသခင်က ဘယ်သူပါလည်း ပြန်ဖြေပေးနော်။ တကယ်မသိလို့ပါ ။
လူတိုင်းမှာယုံကြည်ကိုးစားတဲ့ လူ ၊ ဒါမှမဟုတ် ပုဂိုလ် တစိခုခုတော့ရှိတက်ကြပါတယ်။
အရာရာကို အပြုသဘောဆောင်တဲ့ အတွေးစိတ်လေးတွေ ရရှိလာနိုင်ပါစေနော်

commentinfo By: ကြယ်စင် at Sep 13, 2010
Comment #3

သူများတွေပြောသလိုပေါ့။money is second god ဆိုတာလိုမျိုးလေ။
ဒါပေမယ့်ကျွန်တော်ကတော့မကိုးကွယ်ပါဘူး။

commentinfo By: terry at Sep 13, 2010
Comment #4

ကိုတယ်ရီနဲ့ခင်ချင်ပါတယ် ကဗျာတွေအားလုံးက စကားလုံးထိရှပြီးအရမ်းကောင်းပြီး အားကျလို့ပါ။

commentinfo By: စုနိုင် at Jan 23, 2011
Comment #5

ထပ်ပြီး
နောက်ဆုံးအနေနဲ့
သတိပေးမယ်
ဘယ်လိုကံတရားမျိုးမှ
ငါ့ဆီကို
တံခါးမခေါက်ပဲ မလာနဲ့။
..
ကဲကိုလူတော်ရေ..မျှော်တဲ့သူတွေမျှော်နေတယ်ဗျ….ဘယ်ပျောက်နေပြန်တုန်း
သတိရနေတယ်

ဒါဘဲ (ဟိုဟာကြက်) 😛

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #6

နောက်ဆုံးအနေနဲ့
သတိပေးမယ်
ဘယ်လိုကံတရားမျိုးမှ
ငါ့ဆီကို
တံခါးမခေါက်ပဲ မလာနဲ့။

ကဲကိုလူတော်ရေ…မျှော်တဲ့သူတွေ..မျှော်နေတယ်ဗျ
ဘယ်ရောက်လို့ ဘယ်ပျောက်နေပြန်သတုံး….
သတိရနေတယ်ဗျာ
ဒါဘဲ (ဟိုဟာကြက်) 😛

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #7

ကဲကိုလူတော်ရေ…မျှော်တဲ့သူတွေ..မျှော်နေတယ်ဗျ
ဘယ်ရောက်လို့ ဘယ်ပျောက်နေပြန်သတုံး….
သတိရနေတယ်ဗျာ
ဒါဘဲ (ဟိုဟာကြက်) 😛

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #8

ခါးသီးမှု့တွေပဲ
တောက်လျှောက်
သောက်သုံးနေရတော့
အရိုင်းဆန်မှု့ဆိုတဲ့အရာဟာ
ငါ့အတွက်
ကိုယ်ပိုင်ယဉ်ကျေးမှု့ဖြစ်လာတယ်။

ကျေးဇူးပြုပြီး
ငါ့ကမ္ဘာကို
ငါ့အတ္တနဲ့ကြီးစိုးခွင့်ပြုပါ။

ထပ်ပြီး
နောက်ဆုံးအနေနဲ့
သတိပေးမယ်
ဘယ်လိုကံတရားမျိုးမှ
ငါ့ဆီကို
တံခါးမခေါက်ပဲ မလာနဲ့။ မိုက်တယ်အကိုကဗျာတွေကိုကြိုက်တယ်

commentinfo By: gg at Jul 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment